ဒီနေ့ မေလ ၂၇ ရက်နေ့လေးမှာ အသက် ၃၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော် မအေးသောင်း

0
184


 



Photo – Aye Thaung

Unicode
အနုပညာလောကမှာဆယ်စုနှစ်ကျော်ထိပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ရပ်တည်လာသူလေးကတော့ မအေးသောင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။

သူမရဲ့သရုပ်ဆောင်မှုတွေကလည်း ဟာကွက်မရှိလောက်အောင် သရုပ်ဆောင်ပီပြင်သူတစ်ယောက်ပါ။ သူမဟာ အနုပညာလောကမှာအချိန်တော်ကြာအနားယူပြီးနောက်ပိုင်း ရုပ်သံဇာတ်လမ်းတွဲများဖြင့် ပရိသတ်တွေရင်ထဲကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဒီနေ့လေးကတော့ ပရိသတ်တွေချစ်ခင်အားပေးတဲ့ မအေးသောင်းရဲ့ (၃၃) နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမကတော့ အသက်(၃၀)ကျော်လို့ထင်ရက်စရာမရှိလောက်အောင် နုပျိုလန်းဆန်းနေတာပါ။ မအေးသောင်းကတော့ မွေးနေ့မတိုင်ခင်ကတည်းက မွေးနေ့အကြိုအဖြစ်အလှူအတန်းတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

မနေ့ကလည်း ရီမာကျောင်းလေးမှာ ကျောင်းတက်တော့မည့်ကလေးများအတွက် ဗလာစာအုပ်ဒါဇင်(၉၀) လှူဒါန်းခဲ့တာပါ။ သူမရဲ့ဖခင်ဖြစ်သူကလည်း အေးသောင်းအတွက် “ တနင်္ဂနွေနေ့ဖေဖေက ကိုယ့်မွေးနေ့အတွက်ရည်ရွယ်ပြီး
ပဲခူးကဘုရားကျောင်းမှာ မယ်တော်ဆင်းတုလေးလှူပေးပါတယ်။ ပြီးတော့ ဘုရားကျောင်းသူတွေအတွက်နေ့လည်စာလည်းကျွေးခဲ့ပါတယ်ရှင့် ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။

မအေးသောင်းတစ်ယောက် နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရတဲ့မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်သွားပြီး အနုပညာလောကမှာလည်းအလင်းလက်ဆုံးကြယ်ပွင့်လေးတစ်ပွင့်အဖြစ်လင်းလက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo – Aye Thaung