သားကို အထူးကုဆရာဝန္ၾကီး ျဖစ္ေစခ်င္တယ္ဆိုတဲ့ The Whole Burma First ေမာင္ေက်ာ္လင္းသန္း ရဲ့ မိခင္

0
25

ျမန္မာႏိုင္ငံရဲ့ ပညာေရးစနစ္မွာေတာ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ ရင္ခုန္စရာအေကာင္းဆံုးနဲ႔ ေၾကာက္စရာအေကာင္းဆံုး ဆယ္တန္းစာေမးပြဲ ေအာင္စာရင္းကေတာ့ ျပီးခဲ့တဲ့ ရက္ပိုင္းမွာ ထြက္ခဲ့တာ ျဖစ္ပါတယ္။ ေအာင္စာရင္းထြက္လာျပီးေနာက္ တႏိုင္ငံလံုး အမွတ္အမ်ားဆံုးရတဲ့ သူ တေယာက္ထြက္ေပၚခဲ့ျပီး

သူကေတာ့ ေမာင္ေက်ာ္လင္းသန္းဆိုတဲ့ ေက်ာင္းသားေလးပဲ ျဖစ္ပါတယ္။ The Whole Burma First ရရွိခဲ့တဲ့ ေမာင္ေက်ာ္လင္းသန္းရဲ့ မိခင္ျဖစ္သူကေတာ့ သူ႔ရဲ့ ခံစားခ်က္နဲ႔ သားကို ဘယ္တကၠသိုလ္မွာ ထားခ်င္လဲဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။

ျမန္မာတႏိုင္ငံလံုးမွာ အမွတ္အမ်ားဆံုး ရရွိခဲ့တဲ့ ေမာင္ေက်ာ္လင္းသန္းရဲ့ မိခင္ ျဖစ္သူ ေဒၚစန္းစန္းျငိမ္းကေတာ့ Popular နဲ႔ အင္တာဗ်ဴးတြင္ “အရမ္းေပ်ာ္ပါတယ္။ ေက်ာင္းအတြက္လည္း ဂုဏ္ယူမိပါတယ္။ ေက်ာင္းမွာပဲ သံုးထပ္ကြန္း လူရည္ခြ်န္၊ ဒီေက်ာင္းမွာပဲ တႏိုင္ငံလံုး အမွတ္အမ်ားဆံုး ရတဲ့အတြက္ ဒီေက်ာင္းက ဆရာမေတြေရာ ေလးစားပါတယ္။ မိဘတေယာက္အေနနဲ႔ေရာ အရမ္းကို ဝမ္းသာပါတယ္”

The Whole Burma ကို ကုိယ္ကိုတိုင္ေရာ မွန္းထားခဲ့တာလားဆိုတဲ့ အေပၚမွာေတာ့ “သူစ စာက်က္ထဲက မွန္းေတာ့မွန္းထားပါတယ္။ Top 10 ေတာင္မမွန္းထားပါဘူး။ Top 5 လို႔ပဲ ေျပာထားတာေပါ့ေနာ္။ အဲ့လိုမ်ိဳးမွန္းျပီးေတာ့ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုလို မေမွ်ာ္လင့္ပဲ First ျဖစ္သြားေတာ့ အရမ္းဝမ္းသာပါတယ္

မိဘဖက္က ပံ့ပိုးေပးခဲ့တာေတြနဲ႔ ပတ္သက္ျပီး “ပံ့ပိုးေပးျဖစ္ခဲ့တာကေတာ့ အမ်ားၾကီးပါပဲ။ စာဖက္ကဆိုရင္လည္း လိုအပ္တာေတြကို က်မနဲ႔ က်မအမ်ိဳးသားက စာအုပ္ေတြကိုလည္း ရွာျပီးေတာ့ ဝယ္ေပးရတယ္။ ျပီးေတာ့ အားေဆးေတြဘာေတြလည္း ကူရတယ္။ အိပ္ခ်ိန္ ပံုမွန္စားခ်ိန္ေလး ပံုမွန္ျဖစ္ေအာင္ စီစဥ္ေပးခဲ့ပါတယ္”

မိဘေတြအေနနဲ႔ ဘယ္လိုတကၠသိုလ္မွာ ထားခ်င္လဲဆိုတဲ့ အေပၚမွာေတာ့ “တက္ေစခ်င္တဲ့ တကၠသိုလ္ေတြေတာ့ ရွိတာေပါ့ေလ။ ဒါေပမယ့္လည္း တက္ျဖစ္မွာကေတာ့ ေဆးေက်ာင္းပဲ ျဖစ္ဖို႔မ်ားပါတယ္။ သူက ဆရာဝန္ျဖစ္ခ်င္တယ္ဆိုေတာ့ေလ။

ဆရာဝန္ေတာင္မွ ရိုးရိုးမဟုတ္ဘူးေပါ့ေနာ္။ လံုးဝကို အထူးကုျဖစ္ခ်င္တာေပါ့ေနာ္။ သူကိုယ္တိုင္ကလည္း စာကိုခ်စ္တဲ့ ကေလးဆိုေတာ့။ အဲ့အတြက္ေၾကာင့္ စာနဲ႔ေတာ့ ေရွ႔ေလွ်ာက္ အဆက္သြယ္ ျပတ္သြားမွာလဲ မဟုတ္ပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ခရက္ဒစ္ – Nanmalၾကီး

ယူနီကုဒ္ျဖင့္ ဖတ္ရန္

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာတော့ ကျောင်းသားကျောင်းသူတွေအတွက် ရင်ခုန်စရာအကောင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ဆယ်တန်းစာမေးပွဲ အောင်စာရင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ခဲ့တာ ဖြစ်ပါတယ်။ အောင်စာရင်းထွက်လာပြီးနောက် တနိုင်ငံလုံး အမှတ်အများဆုံးရတဲ့ သူ တယောက်ထွက်ပေါ်ခဲ့ပြီး

သူကတော့ မောင်ကျော်လင်းသန်းဆိုတဲ့ ကျောင်းသားလေးပဲ ဖြစ်ပါတယ်။ The Whole Burma First ရရှိခဲ့တဲ့ မောင်ကျော်လင်းသန်းရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့ ခံစားချက်နဲ့ သားကို ဘယ်တက္ကသိုလ်မှာ ထားချင်လဲဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိခဲ့တဲ့ မောင်ကျော်လင်းသန်းရဲ့ မိခင် ဖြစ်သူ ဒေါ်စန်းစန်းငြိမ်းကတော့ Popular နဲ့ အင်တာဗျူးတွင် “အရမ်းပျော်ပါတယ်။ ကျောင်းအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျောင်းမှာပဲ သုံးထပ်ကွန်း လူရည်ချွန်၊ ဒီကျောင်းမှာပဲ တနိုင်ငံလုံး အမှတ်အများဆုံး ရတဲ့အတွက် ဒီကျောင်းက ဆရာမတွေရော လေးစားပါတယ်။ မိဘတယောက်အနေနဲ့ရော အရမ်းကို ဝမ်းသာပါတယ်”

The Whole Burma ကို ကိုယ်ကိုတိုင်ရော မှန်းထားခဲ့တာလားဆိုတဲ့ အပေါ်မှာတော့ “သူစ စာကျက်ထဲက မှန်းတော့မှန်းထားပါတယ်။ Top 10 တောင်မမှန်းထားပါဘူး။ Top 5 လို့ပဲ ပြောထားတာပေါ့နော်။ အဲ့လိုမျိုးမှန်းပြီးတော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို မမျှော်လင့်ပဲ First ဖြစ်သွားတော့ အရမ်းဝမ်းသာပါတယ်”

မိဘဖက်က ပံ့ပိုးပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး “ပံ့ပိုးပေးဖြစ်ခဲ့တာကတော့ အများကြီးပါပဲ။ စာဖက်ကဆိုရင်လည်း လိုအပ်တာတွေကို ကျမနဲ့ ကျမအမျိုးသားက စာအုပ်တွေကိုလည်း ရှာပြီးတော့ ဝယ်ပေးရတယ်။ ပြီးတော့ အားဆေးတွေဘာတွေလည်း ကူရတယ်။ အိပ်ချိန် ပုံမှန်စားချိန်လေး ပုံမှန်ဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်”

မိဘတွေအနေနဲ့ ဘယ်လိုတက္ကသိုလ်မှာ ထားချင်လဲဆိုတဲ့ အပေါ်မှာတော့ “တက်စေချင်တဲ့ တက္ကသိုလ်တွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့်လည်း တက်ဖြစ်မှာကတော့ ဆေးကျောင်းပဲ ဖြစ်ဖို့များပါတယ်။ သူက ဆရာဝန်ဖြစ်ချင်တယ်ဆိုတော့လေ။

ဆရာဝန်တောင်မှ ရိုးရိုးမဟုတ်ဘူးပေါ့နော်။ လုံးဝကို အထူးကုဖြစ်ချင်တာပေါ့နော်။ သူကိုယ်တိုင်ကလည်း စာကိုချစ်တဲ့ ကလေးဆိုတော့။ အဲ့အတွက်ကြောင့် စာနဲ့တော့ ရှေ့လျှောက် အဆက်သွယ် ပြတ်သွားမှာလဲ မဟုတ်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

ခရက်ဒစ် – Nanmalကြီး