“ကိုရီးယားလူမ်ိဳးေတြအံ့ၾသသြားေအာင္ ကိုရီးယားစကားနဲ႔ေက်းဇူးတင္ေၾကာင္းေျပာခဲ့တဲ့ ဟန္တီ”

0
53

ဟန္တီက ေတာင္ကုိရီးယားႏုိင္ငံ ဆုိးလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ 2019 Asia Model Festival ပြဲႀကီးမွာ Asia Model Star Award ဆုုကုိ ရရွိခဲ့ပါတယ္။

ဒီဆုအတြက္ ေက်းဇူးတင္စကားကုိလည္း ကုိရီးယားစကားနဲ႔ ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏုိင္ခဲ့တာေၾကာင့္ ပရိသတ္ေတြလည္း အ့ံၾသခဲ့ၾကတာကုိ ေတြ႔ရပါတယ္။

ပရိသတ္အခ်စ္ေတာ္ အလွမယ္ ဟန္တီကေတာ့ ဇြန္လ ၉ ရက္ေန႔ ညက ေတာင္ကုိရီးယားႏုိင္ငံ ဆုိးလ္ၿမိဳ႕ Olympic Hall မွာက်င္းပျပဳလုပ္ခဲ့တ့ဲ

2019 Asia Model Festival ပြဲႀကီးမွာ Asia Model Star Award ဆုကုိ ရရွိပုိင္ဆုိင္ခဲ့ပါတယ္။ သူမဟာ Asia Model Award 2019 ၿပိဳင္ပြဲမွာလည္း

အကဲျဖတ္ ဒုိင္ တစ္ဦးအျဖစ္ ပါဝင္ခဲ့ရသူျဖစ္ပါတယ္။ အမွတ္တရ ဗီဒီယုိဖုိင္ေလးကုိေတာ့ Myanmar Beauty Talent Center Facebook Page

ကေန ဇြန္လ ၉ ရက္ေန႔ ညေန ၆ နာရီခြဲအခ်ိန္က တင္ခဲ့တာျဖစ္ပါတယ္။ 2019 Asia Model Festival ပြဲမွာ

ျမန္မာႏုိင္ငံကုိယ္စားျပဳအေနနဲ႔ အလွမယ္ေလး ဟန္တီနဲ႔ အတူ အကယ္ဒမီဝတ္မႈံေရႊရည္ကလည္း Asia Special Award ဆုကုိ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ ဟန္တီက ဆုလက္ခံရယူခ်ိန္မွာပဲ ကုိရီးယား စကားနဲ႔ ေက်းဇူးတင္စကားေျပာၾကားခဲ့ တာျဖစ္ပါတယ္။

ကုိရီယားစကားကုိ ကၽြမ္းကၽြမ္းက်င္က်င္ေျပာျပႏိုင္ခဲ့လုိ႔လည္း လာေရာက္အားေပးၾကတဲ့ ကုိရီးယားလူမ်ဳိး ပရိသတ္ေတြက

အ့ံၾသမဆုံးျဖစ္ခဲ့ၾကတာကုိလည္း ေတြ႔ရပါတယ္။ ဟန္တီ့ကုိ အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကလည္း ဝမ္းသာမဆုံးျဖစ္ခဲ့တာကုိလည္း ေတြ႔ရပါတယ္။

ဟန္တီဟာ Miss Supranational 2014 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး Top 10 Finalist အထိ

တက္လွမ္းနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Miss Supranational Asia & Oceania ေရြးခ်ယ္ခံရသူ တစ္ဦးျဖစ္သလို

MissSupranational Internet ဆုကိုလည္း ရရွိထားပါတယ္။ တရုတ္ႏုိင္ငံ Sanya ျပည္နယ္မွ

ာ ျပဳလုပ္တဲ့ Miss World 2018 ၿပိဳင္ပြဲကုိလည္း ျမန္မာႏုိင္ငံကုိယ္စားျပဳ အလွမယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။

ဟန္တီက အႏုပညာအလုပ္ေတြလည္း လုပ္ေနရသူျဖစ္သလုိ ပရဟိတလုပ္ငန္းေတြမွာလည္း Originazation ေတြနဲ႔ ျဖစ္ေစ၊

Miss Myanmar Charity အဖြဲ႕နဲ႔ ျဖစ္ေစ၊ တစ္ေယာက္တည္းျဖစ္ေစ အားသြန္ခြန္စုိက္ ေဆာင္ရြက္ေနသူျဖစ္ပါတယ္။

ဒါ့အျပင္ပညာေရးဘက္မွာလည္း ထူးခၽြန္သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနတာကုိ ေတြ႔ရပါတယ္။

Unicode Version

ဟန်တီက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ 2019 Asia Model Festival ပွဲကြီးမှာ Asia Model Star Award ဆုကို

ရရှိခဲ့ပါတယ်။ ဒီဆုအတွက် ကျေးဇူးတင်စကားကိုလည်း ကိုရီးယားစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ခဲ့တာကြောင့် ပရိသတ်တွေလည်း အံ့သြခဲ့ကြတာကို တွေ့ရပါတယ်။

ပရိသတ်အချစ်တော် အလှမယ် ဟန်တီကတော့ ဇွန်လ ၉ ရက်နေ့ ညက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Olympic Hall မှာကျင်းပပြုလုပ်ခဲ့တဲ့

2019 Asia Model Festival ပွဲကြီးမှာ Asia Model Star Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ Asia Model Award 2019 ပြိုင်ပွဲမှာလည်း

အကဲဖြတ် ဒိုင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ အမှတ်တရ ဗီဒီယိုဖိုင်လေးကိုတော့ Myanmar Beauty Talent Center Facebook Page ကနေ

ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က တင်ခဲ့တာဖြစ်ပါတယ်။ 2019 Asia Model Festival ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့

အလှမယ်လေး ဟန်တီနဲ့ အတူ အကယ်ဒမီဝတ်မှုံရွှေရည်ကလည်း Asia Special Award ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့ ဟန်တီက ဆုလက်ခံရယူချိန်မှာပဲ ကိုရီးယား စကားနဲ့ ကျေးဇူးတင်စကားပြောကြားခဲ့ တာဖြစ်ပါတယ်။ ကိုရီယားစကားကို

ကျွမ်းကျွမ်းကျင်ကျင်ပြောပြနိုင်ခဲ့လို့လည်း လာရောက်အားပေးကြတဲ့ ကိုရီးယားလူမျိုး ပရိသတ်တွေက အံ့သြမဆုံးဖြစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဟန်တီ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ

တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို MissSupranational Internet

ဆုကိုလည်း ရရှိထားပါတယ်။ တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု

အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ

၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။