ထြင္းေဖာက္ ျမင္​ေနရတဲ့ ဝတ္စုံ ဝတ္ဆင္ခဲ့တဲ့ ဗီယက္နမ္ ​ေမာ္ဒယ္ ကို အေရးယူဖုိ႔ျပင္ေနတဲ့ အာဏာပိုင္အဖြဲ႕ …

0
67

မၾကာေသးခင္က က်င္းပခဲ့တဲ့ ကိန္း႐ုပ္ရွင္ပြဲေတာ္မွာ ထြင္းေဖာက္ျမင္ မဟူရာဝတ္စုံနဲ႔ ပရိသတ္ေတြကုိ လႈပ္ခတ္ခဲ့တဲ့ ေမာ္ဒယ္ကေတာ့ ဗီယက္နမ္ေမာ္ဒယ္ Ngoc Trinh ျဖစ္ပါတယ္။

Ngoc Trinh ရဲ႕လုပ္ရပ္ကို ဗီယက္နမ္က သက္ဆုိင္ရာအာဏာပုိင္အဖြဲ႕က ဒါမ်ိဳး မျဖစ္သင့္ဘူးလုိ႔ ေထာက္ျပမႈေတြ ရွိလာခဲ့ပါတယ္။

Ngoc Trinh ဝတ္ခဲ့တဲ့ဝတ္စုံကလည္း ေနာက္ေက်ာကို ေျဗာင္အရွင္း လႊတ္ထားၿပီး၊ က်န္တာေတြကလည္း ဇာပဝါခပ္ပါးပါးေလး ဖုံးထားသလုိ၊ သူမရဲ႕အလွေတြကို အတြင္းထဲမွာ အရွင္းသားျမင္ရေစမွာပါ။ ေပါင္တံရဲ႕ေဘးႏွစ္ဘက္ကိုလည္း ခါးအေက်ာ္ထိ ခြဲထားၿပီး၊ အတြင္းထဲမွာေတာ့ မလုံမလဲအလႊာခပ္ပါးပါးေလးကို ထပ္အုပ္ထားပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ Ngoc Trinh ရဲ႕ ဝတ္စားဆင္ယင္မႈက အမ်ိဳးသားတုိင္းကို တံေတြးခဏခဏ မ်ိဳခ်ေစခဲ့ၿပီး၊ အေတာ္ေလးကို ၾကည့္ေပ်ာ္႐ႈေပ်ာ္ ထင္ေပၚေစခဲ့ပါတယ္။ သုိ႔ေသာ္လည္း ဗီယက္ေကာင္းအစုိးရကေတာ့ ဒီကိစၥကို အလြန္မႏွစ္ၿမိဳ႕ျဖစ္ေနၿပီး ထုိက္သင့္တဲ့ အေရးယူမႈမ်ိဳးျပဳလုပ္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

အားကစားနဲ႔ယဥ္ေက်းမႈဝန္ႀကီး Nguyen Ngoc Thien က “ သူ႕ ဝတ္ထားတာက ခင္ဗ်ားတုိ႔ ျမင္တဲ့အတုိင္းပဲ အေတာ္ေလးကို မေလွ်ာ္ကန္တာပါ … ျပည္သူကုိ ေဒါသထြက္အရွက္ရေစခဲ့ၿပီး ေစာ္ကားပုတ္ခတ္ရာလည္း ေရာက္ပါတယ္ ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ သူကပဲ Ngoc Trinh ကို စုံစမ္းစစ္ေဆးဖုိ႔ အမိန္႔ေပးခဲ့တာပါ။

ဒီအတြက္ Ngoc Trinh ဟာ ႀကီးမားတဲ့အေရးယူမႈမ်ိဳး၊ ဒါမွမဟုတ္ ျမင့္မားတဲ့ဒဏ္ေငြမ်ိဳး ေပးေဆာင္ရဖုိ႔ ရွိပါတယ္။ မွတ္ခ်က္ေရးသူတစ္ဦးကေတာ့ သူ႕အေနနဲ႔ Ngoc Trinh ရဲ႕ လြတ္လပ္ခြင့္ကို မထိပါးေစလုိေသာ္လည္း အစုိးရဘက္က တုန္႔ျပန္မႈက မမွားဘူးလုိ႔ ေထာက္ခံခဲ့ပါတယ္။

အျခားတစ္ဦးကေတာ့ ႏုိင္ငံကို ကုိယ္စားျပဳေနသူတုိင္း ႏုိင္ငံျခားေရာက္သြားရင္ ဒီလုိ လုပ္ခြင့္ရွိတယ္လုိ႔ ထင္မွာစုိးလုိ႔ Ngoc Trinh ကို ျပင္းထန္စြာအေရးယူဖုိ႔ ေထာက္ျပထားပါတယ္။

အျခားတစ္ဦးကေတာ့ “ ဘယ္လုိ ပေရာ္ဖတ္ရွင္နယ္ပဲျဖစ္ျဖစ္ … ေစာင့္ထိန္းရမယ့္ က်င့္ဝတ္နဲ႔ ႏုိင္ငံရဲ႕စည္းမ်ဥ္းဥပေဒေတြဆုိတာ ရွိေၾကာင္း လက္လြတ္စပယ္ ျပဳမူျခင္းကို လက္မခံေၾကာင္း အစုိးရကုိ ေထာက္ခံေၾကာင္း”ဆုိခဲ့ပါတယ္။

တကယ္လည္း မိမိ ဘယ္ႏုိင္ငံကုိ ေရာက္ေနသည္ျဖစ္ေစ၊ မိမိလူမ်ိဳးရဲ႕ ယဥ္ေက်းမႈနဲ႔၊ အေျခခံစည္းမ်ဥ္းစည္းကမ္းေတြကို လုိက္နာသင့္ပါတယ္။

Ngoc Trinh ဟာ ဗီယက္နမ္ႏိုင္ငံရဲ႕ နာမည္ႀကီး ေမာ္ဒယ္တစ္ဦးျဖစ္သလို ဆုိရွယ္မီဒီယာေတြေပၚမွာလည္း follower ေပါင္း သန္းနဲ႔ခ်ီၿပီး ပိုင္ဆိုင္ထားသူတစ္ဦးပါ။ Youtube မွာ ကိုယ္ပိုင္ခ်န္နယ္ရွိၿပီး ေအာင္ျမင္ေနတဲ့ social influencer တစ္ဦးလည္း ျဖစ္ပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

မကြာသေးခင်က ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ ထွင်းဖောက်မြင် မဟူရာဝတ်စုံနဲ့ ပရိသတ်တွေကို လှုပ်ခတ်ခဲ့တဲ့ မော်ဒယ်ကတော့ ဗီယက်နမ်မော်ဒယ် Ngoc Trinh ဖြစ်ပါတယ်။

Ngoc Trinh ရဲ့လုပ်ရပ်ကို ဗီယက်နမ်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ဒါမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

Ngoc Trinh ဝတ်ခဲ့တဲ့ဝတ်စုံကလည်း နောက်ကျောကို ဗြောင်အရှင်း လွှတ်ထားပြီး၊ ကျန်တာတွေကလည်း ဇာပဝါခပ်ပါးပါးလေး ဖုံးထားသလို၊ သူမရဲ့အလှတွေကို အတွင်းထဲမှာ အရှင်းသားမြင်ရစေမှာပါ။ ပေါင်တံရဲ့ဘေးနှစ်ဘက်ကိုလည်း ခါးအကျော်ထိ ခွဲထားပြီး၊ အတွင်းထဲမှာတော့ မလုံမလဲအလွှာခပ်ပါးပါးလေးကို ထပ်အုပ်ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Ngoc Trinh ရဲ့ ဝတ်စားဆင်ယင်မှုက အမျိုးသားတိုင်းကို တံတွေးခဏခဏ မျိုချစေခဲ့ပြီး၊ အတော်လေးကို ကြည့်ပျော်ရှုပျော် ထင်ပေါ်စေခဲ့ပါတယ်။ သို့သော်လည်း ဗီယက်ကောင်းအစိုးရကတော့ ဒီကိစ္စကို အလွန်မနှစ်မြို့ဖြစ်နေပြီး ထိုက်သင့်တဲ့ အရေးယူမှုမျိုးပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အားကစားနဲ့ယဉ်ကျေးမှုဝန်ကြီး Nguyen Ngoc Thien က “ သူ့ ဝတ်ထားတာက ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ အတော်လေးကို မလျှော်ကန်တာပါ … ပြည်သူကို ဒေါသထွက်အရှက်ရစေခဲ့ပြီး စော်ကားပုတ်ခတ်ရာလည်း ရောက်ပါတယ် ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူကပဲ Ngoc Trinh ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တာပါ။

ဒီအတွက် Ngoc Trinh ဟာ ကြီးမားတဲ့အရေးယူမှုမျိုး၊ ဒါမှမဟုတ် မြင့်မားတဲ့ဒဏ်ငွေမျိုး ပေးဆောင်ရဖို့ ရှိပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ သူ့အနေနဲ့ Ngoc Trinh ရဲ့ လွတ်လပ်ခွင့်ကို မထိပါးစေလိုသော်လည်း အစိုးရဘက်က တုန့်ပြန်မှုက မမှားဘူးလို့ ထောက်ခံခဲ့ပါတယ်။

အခြားတစ်ဦးကတော့ နိုင်ငံကို ကိုယ်စားပြုနေသူတိုင်း နိုင်ငံခြားရောက်သွားရင် ဒီလို လုပ်ခွင့်ရှိတယ်လို့ ထင်မှာစိုးလို့ Ngoc Trinh ကို ပြင်းထန်စွာအရေးယူဖို့ ထောက်ပြထားပါတယ်။

အခြားတစ်ဦးကတော့ “ ဘယ်လို ပရော်ဖတ်ရှင်နယ်ပဲဖြစ်ဖြစ် … စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ နိုင်ငံရဲ့စည်းမျဉ်းဥပဒေတွေဆိုတာ ရှိကြောင်း လက်လွတ်စပယ် ပြုမူခြင်းကို လက်မခံကြောင်း အစိုးရကို ထောက်ခံကြောင်း”ဆိုခဲ့ပါတယ်။

တကယ်လည်း မိမိ ဘယ်နိုင်ငံကို ရောက်နေသည်ဖြစ်စေ၊ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုနဲ့၊ အခြေခံစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်ပါတယ်။

Ngoc Trinh ဟာ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်သလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း follower ပေါင်း သန်းနဲ့ချီပြီး ပိုင်ဆိုင်ထားသူတစ်ဦးပါ။ Youtube မှာ ကိုယ်ပိုင်ချန်နယ်ရှိပြီး အောင်မြင်နေတဲ့ social influencer တစ်ဦးလည်း ဖြစ်ပါတယ်။