Articles by W LK

ကလေးဘဝထဲက အသက်ပါတဲ့အပြုံးလေးတွေရဲ့ပိုင်ရှင် ဖြူဖြူထွေး

အချိန်တိုအတွင်းမှာ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိပြီး အောင်မြင်လာသူကတော့ ဖြူဖြူထွေးပါ။ အညာသူလေးပေမယ့် နာမည်နဲ့လိုက်အောင်ဖြူဖွေးတဲ့အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ ရုပ်ရည်ကြောင့် မဟုတ်ဘဲ စိတ်ဓာတ်အရင်းခံလေးကြောင့် ပရိသတ်အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူလို့ ဆိုရမှာပါ။ ပကာသနမရှိ သွက်လက်ပြီး ရိုးသားပွင့်လင်းတဲ့စကားပြောဟန်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရသလို လူအများကို ကူညီလိုတဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်လည်း လုပ်သမျှအလုပ်တိုင်း အောင်မြင်လာသူလို့ ဆိုရမှာပါ။ အခုဆိုရင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်နေရသလို သူ့ရဲ့ကိုယ်ပိုင်ဇာတ်ညွှန်းနဲ့ ကြော်ငြာလေးတွေကိုလည်း အားပေးသူ သန်းချီရှိနေပြီဖြစ်ပါတယ်။ အခုလိုပရိသတ်အချစ်တော်ဖြစ်လာတဲ့ဖြူဖြူထွေးကတော့ ဒီနေ့မှာ သူ့ရဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတချို့ကို လူမှုကွန်ရက်စာမျက်နှာမှာ…


လေဖြတ်နေတဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးတင်မြင့်ကို လှူဒါန်းသွားမယ်ဆိုတဲ့ မင်းသမီးချောလေးခင်သဇင်

အနုပညာလောကထဲက အမိုက်စားမော်ဒယ်လ်၊မင်းသမီးချောလေးခင်သဇင်ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားသူတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ မင်းသမီးချောလေးကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သလို စိတ်ထားကောင်းမွန်သူလေးတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရတာပါ။ ခင်သဇင်ကတော့လိုအပ်တဲ့နေရာတွေမှာလှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဆိုတာကို ပရိသတ်တွေသိကြမှာပါ။ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးတင်မြင့်ရဲ့ကျန်းမာရေးအခြေအနေကတော့ ကြားရသူတွေကို စိတ်မကောင်းဖြစ်စေတာပါ။ ခင်သဇင်ကတော့ ဦးတင်မြင့်ရဲ့အင်တာဗျူးကိုတွေ့တဲ့အချိန်မှာ လှူဒါန်းဖို့ကိုကြိုးစားနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုလူချောအဖွဲ့ဝင် သရုပ်ဆောင် ဦးတင်မြင့် အတွက် ပါဝင် လှူဒါန်းချင်သူများအောက်က comments မှာ ရေးသား ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…နောက်ရက်ကျရင် ဆေးဝါးနဲ့ ငွေသား သွားရောက်လှူဒါန်းပေးမှာ မို့လို့ပါ…ထာဝရ ဆေးဝါးအလှူရှင်လည်း စုံစမ်းရှာဖွေနေပါတယ်ရှင်…


ဆေးဖိုးဝါးခအလှူခံစားနေရတဲ့ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်ရဲ့ အိမ်ထဲကနေ ဆင်းလို့အဆင်ပြေအောင် လမ်းလေးခင်ပေးသွားမယ်ဆိုတဲ့ ပွင့်နဒီမောင်

ပွင့်နဒီမောင်ကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကတော့လတ်တလောမှာအနုပညာအလုပ်တွေအပြင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တစ်ခုအနေနဲ့လည်း သရုပ်ဆောင်ထူးခြားနဲ့အတူဝက်နံရိုးမီးတောက်ကိုလည်းရောင်းချပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင်မေတ္တာအင်္သချေပရဟိတအဖွဲ့နဲ့အတူပရဟိတအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိမှာတော့ ပွင့်နဒီမောင်ဟာ ကိုယ်တစ်ခြမ်းလေဖြတ်နေတာကြောင့် ဆေးဖိုးဝါးခအလှူခံစားနေရတဲ့ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်ရဲ့ အိမ်ထဲကနေ ဆင်းလို့အဆင်ပြေအောင် လမ်းလေးခင်ပေးသွားမယ့်အကြောင်းကို “ကြည့်ရင်းနဲ့မျက်ရည်ကျမိတယ်အဘရယ် အဘ အိမ်ထဲကနေ ဆင်းလို့အဆင်ပြေအောင် လမ်းလေးသမီးလာခင်းပေးမယ်နေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်ရဲ့ အင်တာဗျူးလေးကို ပြန်လည်ဝေမျှထားပါတယ်။ ပရိသတ်ကြီးရေ မင်းသမီးချော ပွင့်နဒီမောင်ကတော့ ကိုယ်တစ်ခြမ်းလေဖြတ်နေတာကြောင့် ဆေးဖိုးဝါးခအလှူခံစားနေရတဲ့ လူကြမ်းသရုပ်ဆောင်ဦးတင်မြင့်တစ်ယောက် အိမ်ထဲကနေ ဆင်းလို့အဆင်ပြေအောင် အိမ်ရှေ့မှာ လမ်းလေးခင်ပေးပါ့မယ်တဲ့။…


ပင်စင်ယူတဲ့အခါ သူမ နှစ်သက်တဲ့ ဘားအံမြို့လေးမှာပဲ ခင်ပွန်းနဲ့အတူနေတော့မယ်ဆိုတဲ့ နန္ဒာလှိုင်

ရန်ကုန်မြို့ကြီးဟာ စီးပွားရေးမြို့တော်လိုဖြစ်နေတော့ လူပေါင်းစုံလာရောက်ပြီး စီးပွားလုပ် ကြတဲ့ နေရာတစ်ခုဖြစ်နေ တာကြောင့် လတ်ဆတ်တဲ့လေတွေ လွတ်လပ်တဲ့ ခံစားမှုတွေ တော်တော်များများပျောက်ဆုံးနေတာတော့အမှန်ပါပဲ။ နယ်မြို့လေး တွေဟာ များသောအားဖြင့် အေးချမ်းတတ်ပြီး ရန်ကုန်လိုလည်းလူမရှုပ်တာကြောင့် စိတ်အေးအေးချမ်းချမ်းနေချင်သူတွေ အဖို့တော့ အတော်လေးကိုသင့်တော်ပါတယ်။ ရန်ကုန်မြို့ကြီးရဲ့မွန်းကျပ်မှုကို တစ်နေ့တခြားပိုဆိုးလာတာကြောင့် အသက်ကြီးတဲ့သူတွေအဖို့ နယ်မြို့လေး တွေကသာ စိတ်အေးချမ်းမှုကိုပေးစွမ်းနိုင်မှာပါ။ ဒီလိုခံစားချက်လေးကို နန္ဒာလှိုင်ကလည်း အားလုံးနဲ့ထပ်တူခံစားနေခဲ့ရပြီး အသက်တွေပြည့်လို့ ပင်စင်ယူတဲ့အခါ သူမ နှစ်သက်တဲ့ ဘားအံမြို့လေးမှာပဲ ဇနီးမောင်နှံနှစ်ယောက်အတူတူနေတော့မယ့် အကြောင်းကို…


ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့လေးဘာသာဂုဏ်ထူးရှင် ညီမလေးဆီ သွားရောက်ထောက်ပံ့ခဲ့တဲ့ ဖြူဖြူထွေး

နှစ်အနည်းငယ်အတွင်း ပရိသတ်အားပေးချစ်ခင်မှုအပြည့်အဝရရှိကာ အောင်မြင်မှုရရှိလာသူကတော့ ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ်စားမကုန်ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ကိုယ်တိုင်လည်း တိုးတက်ဖြစ်ထွန်းလာသလို အနားမှာရှိတဲ့ခက်ခဲတဲ့သူတွေကိုပါ ဆက်တိုက်ကူညီပေးတတ်တာတွေကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရသလို ရုပ်ရှင်လောကထဲက ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကိုလည်း သူ့ရဲ့ကြော်ငြာဗွီဒီယိုလေးတွေထဲမှာ ပါဝင်သရုပ်ဆောင်ခိုင်းလေ့ရှိသူပါ။ယနေ့မှာတော့ သူဟာ ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့လေးဘာသာဂုဏ်ထူးရှင် ညီမလေးဆီ သွားရောက်ထောက်ပံ့ခဲ့တဲ့အကြောင်းကို “ပျော်နေတာရော ကြည်းနှုးမိသောအခိုက်အတန့်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ သွားရောက်ထောက်ပံ့ပေးခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားပါတယ်။ ပရိသတ်ကြီးရေ စိတ်သဘောထားဖြူစင်ပြီး အမြဲလိုလို…