Cele News

နေကြာပန်းခင်းထဲမှာပျော်ပျော်ပါးပါးဓာတ်ဖမ်းနေတဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံလေးတွေကိုထုတ်ပြလိုက်တဲ့ ကျော်ထက်ဇော်နဲ့ခန့်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချော ကျော်ထက်ဇော်က ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ကျော်ထက်ဇော်က ရုပ်ရည်လေးကချောမောခန့်ညားသလို သရုပ်ဆောင်လည်းတော်တာကြောင့် ပျိုပျိုမေတွေဝိုင်းဝိုင်းလည်အောင် အားပေးခြင်းခံနေရတာလည်း ဖြစ်ပါတယ် ။ ကျော်ထက်ဇော်က “အမုန်းမှသည်၊ မိုးကောင်းကင်အိပ်မက်၊ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ နာမည်ရလာခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ကျော်ထက်ဇော်က “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲလေးမှာ ကျော်ထက်ဇော်က နှစ်ကိုယ်ခွဲဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့သဘာဝကျကျသရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ထက်ဇော်က…


သမီးလေးလဝန်းမေရဲ့စကားကြောင့် ဆွံ့အသွားခဲ့ရတဲ့ မေမေသက်မွန်မြင့်

ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနုပညာလောကထဲ စတင်ဝင်ရောက်စဉ်ကတည်းက ကြော်ငြာတွေပါ မပါမပြီးအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ပါ။ အသံအခက်အခဲကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြော်ငြာမင်းသမီးတစ်လက်အနေနဲ့ သာ ရပ်တည်ခဲ့ပြီး အခုဆိုရင်တော့ ရုပ်ရှင်နယ်ပယ်မှာပါ အကယ်ဒမီဆုနှစ်ဆုပိုင်ဆိုင်လာတဲ့အထိ အောင်မြင်မှုတွေ သိမ်းပိုက်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့ (၂၀၁၄)ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး အခုဆိုရင်တော့ သားလေး၊သမီးလေးနဲ့ အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးတွေအကြောင်းကို မျှဝေလေ့မရှိပေမယ့် မနေ့ကတော့ သမီးလေးလဝန်းမေနဲ့ စကားပြောဖြစ်ပုံကို မျှဝေခဲ့ပြီး ပရိသတ်တွေ များစွာ…


မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖြစ်တဲ့ အိမ့်ချစ်တို့ ဇနီမောင်နှံ

အချစ်သီချင်းဆွေးဆွေးလေးတွေ ကိုသီဆိုတတ်တဲ့ နိုင်ငံကျော်အဆိုတော်အိမ့်ချစ်ကတော့မကြာသေးမီကမှ မိသားစုနဲ့အတူ ပဲရစ်ကိုသွားလည်ရင်း မထင်မှတ်ထားပဲ ချစ်သူဖြစ်ထံမှလက်ထက်ခွင့်တောင်းခံခဲ့ရတာဖြစ်ပြီး လုံခြုံနွေးထွေးမှုတွေပေးပြီး အဖေလိုအကိုလိုစောင့်ရှောက်ပေးတဲ့အပြင် သူငယ်ချင်းတစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ ဖြစ်လို့ တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ထက်ခွင့်ကို လက်ခံခဲ့တာလို့ ပြောခဲ့ပါသေးတယ်။ အိမ့်ချစ်ဟာ ဇွန်လ(၆)ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုလိုက်ပြီဖြစ်ကြောင်းကို “မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက…


လက်ထပ်ခွင့်တောင်းခံရတုန်းက အမှတ်တရတွေကို ကြည်နူးစရာပုံရိပ်တွေနဲ့ ပြန်လည်ဝေမျှခဲ့တဲ့ အိမ့်ချစ်

ပြီးခဲ့တဲ့ လပိုင်းလောက်က ချစ်သူဆီက တမြတ်တနိုးနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ်က သူမရဲ့ပျော်စရာအမှတ်တရတစ်ခုကို ပုံရိပ်လေးတွေနဲ့ ပြန်ပြီးအသက်သွင်းခဲ့ပါ တယ်။ ဓာတ်ပုံရိုက်နေတုန်းမှာပဲ အနောက်ကဝင်လာပြီး ရုတ်တရက်ဆိုသလို လက်ထပ်ခွင့် တောင်းလိုက်တဲ့ ချစ်သူကြောင့် စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ရတာတော့ ပုံရိပ်လေးတွေက သက်သေပါပဲ။ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ တရားဝင်ပြောကြားထားတာ မရှိခဲ့ဖူးပါဘူး။ ကိုယ့်လက်တွဲဖော်မဟုတ်တဲ့သူနဲ့လည်း မှတ်တမ်း မကျန်ချင်ဘူးဆိုပြီး သိုသိုသိပ်သိပ်နေခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ သိုသိပ်လွန်းတဲ့အိမ့်ချစ်ကို အချစ်တွေ ပွင့်ထက်အောင်လုပ်လိုက်နိုင်တဲ့ ကို Eric ကတော့…


အမေ့ရွာလေးက ရွာဦးစေတီမှာ ဘုရားရင်ပြင်တော်ခင်းဖို့ လှူဒါန်းပေးခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

ဟာသအနုပညာရှင်တစ်ယောက်ဖြစ်သူ တက္ကသိုလ်ဂွမ်းပုံကတော့ ဒီနေ့မှာ အဘိုး၊အဘွားနဲ့ မိခင်ဖြစ်သူအတွက် ရည်စူးပြီးအလှူလေးတစ်ခု ပြုလုပ်ပေးခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ တက္ကသိုလ်ဂွမ်းပုံရဲ့ မိခင်ကြီးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆုံးပါးသွားခဲ့ပြီး ကိုဗစ်ကာလလည်း ဖြစ်တာကြောင့် လူအနည်းငယ်နဲ့ သာ မိခင်ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ရပါတယ်။ ကွန်လွန်သူမိခင်ကြီးအတွက် နာရေးကူညီမှုအသင်းမှာ (၅)သိန်းလှူဒါန်းပေးခဲ့ပြီး ရွှေကျင်ကျောင်းတိုက်ဆွမ်းစားဆောင်အတွက်လည်း (၁)သိန်းလှူဒါန်းပေးခဲ့ပါတယ်။ ဒီနေ့မှာလည်း မိခင်ဖြစ်သူရဲ့ မွေးရပ်မြေရွာလေးမှာ ကွယ်လွန်သူဘိုးဘိုး၊ဘွားဘွားနှင့်..မေမေဒေါ်ယဉ်သန်း(ခ)မလေးပလောင်တို့အားရည်စူးပြီးတော့ .မေမေ့ရဲ့.ရွာလေးရှိ..ဘိုးဘိုး၊ဘွားဘွား (၇)ရက်သားသမီးများတည်ခဲ့သော..ရွာဦးစေတီလေးအတွက်…ဘုရားရင်ပြင်တော်ခင်းရန်…ဘိလပ်မြေအိတ်(၅၀)…ကျောက်ပြား(၂၀၅၀)ချပ်.. .နေပူခံကျောက်ပြား(၃၃၀)ချပ်. .ကျောက်စရစ်ခဲ(၃)ကျင်းကို အရောက်ပို့ဆောင်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူရဲ့…