Cele News

အသက်(၂၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ ထူးအိမ်သင်ရဲ့သမီးလေး မီကွန်ထော



အခွေသစ်လေးထဲက (၆) ပုဒ်မြောက် သီချင်းအကြောင်းအရာကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ စိုင်းစိုင်း

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းကတော့ လတ်တလောမှာ သူ့ရဲ့ “မူလလက်ဟောင်းစိုင်းစိုင်းခမ်းလိုင် ” လို့ အမည်ရတဲ့ အခွေသစ်လေးထွက်ရှိလာဖို့ ကြိုးစားဖန်တီးနေခဲ့တာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ဒီနေ့မှာတော့ စိုင်းစိုင်းက သူ့ရဲ့ ပရိသတ်တွေအတွက် အခွေလေးထဲမှာပါဝင်မယ့် (၆)ပုဒ်မြောက်သီချင်းရဲ့ အကြောင်းအရာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ “ကျွန်တော့်ကို အမှားတချို့ရယ် အမှန်တချို့ရယ် အားနည်းချက်တချို့ရယ် အားသာချက်တချို့ရယ် မကောင်းတဲ့စိတ်တွေရယ် ကောင်းတဲ့စိတ်တွေရယ် ညံ့တဲ့ အစိတ်အပိုင်းတွေရယ် အသုံးတည့်တဲ့အစိတ်အပိုင်းတွေရယ် အံချော်နေတဲ့အရာတွေရယ် အဆင်ပြေနေတဲ့အရာတွေရယ် နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ (…


ချစ်စဖွယ်အမူအရာလေးနဲ့လွတ်လပ်စွာပြုံးပျော်ရွှင်နေတဲ့ ခင်ဝင့်ဝါ

ဘာဘီရုပ်လေးလို ချစ်ဖို့ကောင်းလွန်းတဲ့ မော်ဒယ်မင်းသမီးချောလေး ခင်ဝင့်ဝါနဲ့ ပရိသတ်တွေ ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ချစ်စဖွယ်အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိထားတာပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေခေတ္တရပ်နားရင်း သူမရဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ် ။ခင်ဝင့်ဝါက” နေသာနေတုန်းလေး စတေးဟုမ်းဝက်ကလေး အပြင်ခဏထွက်လို့ဆိုကာ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ အိမ်မှာနေရတာကြာလို့ ခတ္တအပြင်ခနလေးထွက်တဲ့ပုံရိပ်လေးတွေကို တင်ပေးလိုက်တာပါပဲနော်။ ပရိသတ်တွေအတွက် ခင်ဝင့်ဝါရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း သူမရဲ့ပုံရိပ်လေးတွေကြည့်ကာ ပိုမိုချစ်ခင်အားပေးသွားကြလိမ့်မယ်လို့ထင်ပါတယ်။ credit-cele connections