Cele

ပရိသတ်တွေတောင်းဆိုမှုနဲ့ မကြာခင်မှာ ထွက်ရှိလာမယ့် ပိုပိုရဲ့ သီချင်းအသစ်လေး



အောင်မြင်သူတစ်ယောက်ဖြစ်လာစေရန်စတင်မွေးမြူရမည့်အလေ့အကျင့်ကောင်းများ

လူငယ်တစ်ယောက်အနေဖြင့် နောင်တချိန်၌ အောင်မြင်မှုရရှိစေရန်အသက်(၂၀)ကတည်းက စတင်လုပ်ဆောင်ရမည့် အလေ့အကျင့်ကောင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခရီးသွားခြင်း ပျင်းရိစရာကောင်းသည့် နေ့စဉ်လုပ်ရိုးလုပ်စဉ်အလုပ်များမှ ရုန်းထွက်ပြီး ခရီးသွားပေးသင့်ပါသည်။ ထိုအချက်သည် comfort zone အတွင်းကနေ ရုန်းထွက်ခြင်းလည်း ဖြစ်ပါသည်။ ခရီးသွားခြင်း အားဖြင့် ကျွန်တော်တို့ အမြင်တွေ ကျယ်လာမည်။လူအမျိုးမျိုး၊ယဉ်ကျေးမှုအမျိုးမျိူးကို နားလည်လာမည်။လေးစားလာမည်။ မိမိကိုယ်ကို လေးစားတတ်လာမည်။အားကိုးတတ်လာမည်။ မိမိလုပ်ရပ်တိုင်းအတွက် တာဝန်ယူမှုရှိလာမည်။သဘာဝကို ချစ်တတ်လာမည်။ အချက်အပြုတ်ကိုသင်ယူခြင်း သင်သည် အသက်(၂၀)တွင် အချက်အပြုတ်ကို သင်ယူထားသင့်ပါသည်။အပြင်၌ လွယ်လွယ်ကူကူဝယ်စားနိူင်သော်လည်း ငွေကုန်ကျများပါသည်။…