ကလေးမေမေလို့ထင်ရက်စရာမရှိအောင် အဖိုးတန်ရတနာလေးတွေနဲ့အပြိုင်လှနေတဲ့ သက်မွန်မြင့်

အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်အကယ်ဒမီသက်မွန်မြင့်ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ သူမကတော့ကြော်ငြာလေးတွေကိုသရုပ်ဆောင်ရင်း ရုပ်ရှင်လောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့သူမက မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု(၂)ဆုကို ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိထားပြီပဲဖြစ်ပါတယ်။ သက်မွန်မြင့်ကပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်နဲ့သမီးလေးတစ်ယောက်နဲ့အတူတည်ဆောက်ထားခဲ့ပါတယ်။ သူမကတော့ ကလေး(၂)ယောက်မိခင်လို့ထင်ရက်စရာမရှိအောင် အခုချိန်ထိနုပျိုပြီးလှပနေဆဲပါ။ သက်မွန်မြင့်ကတော့ဒီနေ့မှာ ကလေး(၂)ယောက်မိခင်လို့ထင်ရက်စရာမရှိအောင် အဖိုးတန်ရတနာလေးတွေနဲ့အပြိုင်လှနေတဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုမျှဝေလာခဲ့ပါတယ်။ အဲဒီပုံရိပ်လေးတွေကိုတော့ သက်မွန်မြင့်က””မိန်းကလေးတယောက်လှတယ်ဆိုတာ အကြောင်းပြချက်တခုခုတော့ရှိတယ် ။ရုပ်ကြောင့်လှတာလား၊ စိတ်ကြောင့်ပိုလှလာတာလားဆိုတဲ့နှစ်ခုထဲကတခုပေါ့။ မွန်ကတော့စိတ်လှအောင်အမြဲကြိုးစားတယ်။ စိတ်လှရင်ရုပ်ပါပိုလှလာရောလေ။ ခုလည်းစိန်နန်းတော်ကြော်ငြာမှာ မွန့်ကိုပံ့ပိုးကူညီပေးသူတွေကြောင့် လှလှလေးမြင်ရပြီပေါ့နော် ။ ကျေနပ်ကြရဲ့လားရှင့်Merry …

Read More

သူမရဲ့အားကိုးအားထားရတဲ့တပည့်တွေကို ခရစ္စမတ်မုန့်ဖိုး(၁)ထောင်တန်အုပ်တွေပေးခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အနုပညာလောကမှာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမဟာယခုနောက်ပိုင်းမှာ အနုပညာတွေကိုအရင်ကလောက်မလုပ်တော့ပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ယခုအချိန်ထိနေရာယူထားနိုင်ခဲ့ပါတယ်။ စမိုင်းလ်ကအိမ်ထောင်လည်းကံကောင်ပြီး သူမအပေါ်အရမ်းချစ်ကာဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်ရရှိထားပါတယ်။ သူမဟာအခုဆိုရင်ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုလည်း သမီးလေးနှစ်ယောက်နဲ့တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူတို့မိသားစုလေးကတော့ မကြာခဏလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး သဒ္ဓါတရားထက်သန်ကာစိတ်သဘောထားဖြူစင်တဲ့မိသားစုလေးပါ။ ဒီနေ့မှာလည်းစမိုင်းလ်က သူမအတွက်အားကိုးအားထားရတဲ့ တပည့်တွေကိုခရစ္စမတ်မုန့်ဖိုးအနေနဲ့ (၁)ထောင်တန်အုပ်တွေတစ်ယောက်တစ်အုပ်စီပေးခဲ့ပါတယ်။ မုန့်ဖိုးပေးခဲ့တဲ့အကြောင်းကိုတော့ စမိုင်းလ်က”အားကိုးရတဲ့ကျမရဲ့တပည့်များအတွက်ခရစ်စမတ်လက်ဆောင်မုန့်ဖိုးပေး”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Source:စမိုင်းလ် Smile

Read More

ဆရာသမားများကို ခရစ္စမတ်လက်ဆောင်သွားပေးရင်း လက်ဆောင်တွေပြန်ပေးလိုက်လို့ပျော်နေတဲ့ တန်ခွန်ကျော်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်တန်ခွန်ကျော်ကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကနေစတင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူဟာပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ကိုယ်ပိုင်သီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိအောင်မြင်နေပြီဖြစ်ပါတယ်။ တန်ခွန်ကျော်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း “ကယ်တင်ရာခရစ္စမတ်”၊”ဒီနေ့နောက်ဆုံးပဲ”ဆိုတဲ့ သီချင်းအသစ်လေးနှစ်ပုဒ်ကိုထွက်ရှိထားခဲ့ပါတယ်။ အဲဒီသီချင်းလေးတွေလည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျစေခဲ့ပါတယ်။ ဒီနေ့မှာတော့တန်ခွန်ကျော်က သူ့ကိုအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင် လက်တွဲခေါ်ယူခဲ့တဲ့ဝါရင့်အနုပညာရှင်တွေဖြစ်တဲ့ ဦးအောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းနဲ့တင်ဇာမော်တို့ကို ခရစ္စမတ်အမှတ်တရလက်ဆောင်လေးတွေနဲ့သွားရောက်ဂါရဝပြုခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့တန်ခွန်ကျော်က “ကျွန်တော့်ရဲ့ ဆရာသမားများဖြစ်တဲ့ ဦးလတ် မမော် မဖြူ …

Read More

သိန်း(၁)ထောင်ကျော်တန်တဲ့ သူတို့ရဲ့အိမ်သစ်လေးကို မကြာခင်ပြောင်းတော့မှာမို့ သွားရောက်သန့်ရှင်းရေးလုပ်ခဲ့တဲ့ အိအိတုန်တို့ဇနီးမောင်နှံ

အိအိတုန်ကတော့ အနုပညာလောကမှာပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးလက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြေးဖြေးမှန်မှန်လေးသာလုပ်ကိုင်လျက်ရှိပါတယ်။ အိအိတုန်က အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမကတော့အိမ်ထောင်ကျလည်းကံကောင်ပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်အတူ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ အိအိတုန်တို့ဇနီးမောင်နှံဟာ အလုပ်တွေကိုကြိုးစားပမ်းစားလုပ်ကိုင်ရင်း အခုဆိုရင်သိန်း(၁)ထောင်ကျော်တန်တဲ့ ကိုယ်ပိုင်အိမ်လေးကိုတောင်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိအိတုန်တို့ဇနီးမောင်နှံက အဆိုပါအိမ်သစ်လေးကိုသွားရောက်သန့်ရှင်းလုပ်ခဲ့ပြီး အခုဒီဇင်ဘာလကုန်မှာတော့ မိသားစုလိုက်ပြောင်းမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့”Happy Marry christmas25.12.2020 အိမ်သစ်မှာ ပထမဆုံးအမှတ်တရ”ဆိုပြီးရေးသားကာ အိအိတုန်ကအမှတ်တရပုံရိပ်လေးတွေနဲ့ …

Read More

ဦးဗေဒါဇာတ်ကောင်နဲ့အသိအမှတ်ပြုပြီး ပရိသတ်တွေကလက်ဆောင်တွေပို့ပေးနေကြလို့ ပျော်နေတဲ့ ထူးခန့်ကျော်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူကတော့ကျရာဇာတ်ရုပ်ကို သဘာဝကျကျဖြစ်အောင်သရုပ်ဆောင်ပြနိုင်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း အကောင်းဆုံးပါဝင်ရိုက်ကူးခဲ့ပါတယ်။ လက်ရှိMRTV-4မှာထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်လမ်းတွဲမှာလည်း ဦးဗေဒါဇာတ်ကောင်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်လမ်းတွဲကလည်း အရမ်းအောင်မြင်နေခဲ့ပြီး ပရိသတ်တွေကြားမှာလည်းရေပန်းစားနေခဲ့ပါတယ်။ ထူးခန့်ကျော်ကတော့ “မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်လမ်းတွဲမှ ဦးဗေဒါကာရိုက်တာနဲ့ ပရိသတ်တော်တော်များများရဲ့အသိအမှတ်ပြုခြင်းကိုခံနေရပါတယ်။ ဦးဗေဒါဇာတ်ကောင်ကြောင့်ပဲ အနုပညာသက်တမ်းတစ်လျှောက်တစ်ခါမှမရဘူးတဲ့ Surpriseတွေကိုလည်း ပရိသတ်တွေဆီကရရှိခဲ့ပါတယ်။ ဒီနေ့မှာလည်းပရိသတ်တစ်ယောက်က ဦးဗေဒါဇာတ်ကောင်နဲ့အသိအမှတ်ပြုပြီး လက်ဆောင်တွေပို့ပေးလာခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ထူးခန့်ကျော်က”အခုလိုမမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှ ဦးဗေဒါကြီးကိုအသိအမှတ်ပြုပေးလို့ ကျေးဇူးအထူးပါသမီးငယ်လေးလုံးလုံး သမီးလေးပို့ပေးသောခါးပတ်အိတ်ကိုလဲအမြဲအသုံးပြုမှာဖြစ်သလို လက်သည်းညှပ်ကလေးများကိုလည်းအစဉ်အမြဲအသုံးပြုသွားပါ့မယ်နော် စေတနာအပြည့်ဖြင့်သမီးလေးပို့လိုက်ပါသောစားစရာများဟာလည်း …

Read More