နှစ်သစ်ရဲ့အစကို အပျော်အပါးတွေနဲ့မဟုတ်ဘဲ ကုသိုလ်ကောင်းမှုများသာပြုလုပ်ပြီးဖြတ်သန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမဟာကာရိုက်တာပေါင်းစုံကို ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ လတ်တလောမှာတော့ခိုင်သင်းကြည်က ရိုက်ကူရေးတွေကိုရပ်နားထားရပြီး အွန်လိုင်းကတစ်ဆင့်ရတနာပစ္စည်းလေးတွေကို ရောင်းချပေးလျက်ရှိပါတယ်။ ဒီနေ့ကျရောက်တဲ့ 2021ခုနှစ်ရဲ့နှစ်သစ်အစရက်လေးမှာတော့ ခိုင်သင်းကြည်တို့မိသားစုက မိသားစုလိုက်ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း တစ်နေ့တာကိုစတင်ခဲ့ပါတယ်။ နှစ်သစ်အစလေးကိုအပျော်အပါးတွေနဲ့မဟုတ်ဘဲ ပဠာန်းပူဇော်ပရိတ်ရွတ်ပြီးကုသိုလ်များနဲ့ သာဖြတ်သန်းခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ခိုင်သင်းကြည်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ယခုလိုပဲပြောပြထားခဲ့ပါတယ်။ “မင်္ဂလာနှစ်သစ်လေးပါရှင် 2021ရဲ့နှစ်သစ်ကိုတော့ခါတိုင်းလို အပျော်အပါးတွေအလုပ်တွေနဲ့မဟုတ်ဘဲ ပဠာန်းပူဇော်ပရိတ်ရွတ်ပြီးကုသိုလ်များနဲ့ ဖြတ်သန်းဖြစ်ပါတယ်ရှင့် မခိုင်တို့ရဲ့Golden KTK …

Read More

အနုပညာကြေးလေးတွေနဲ့ ခိုင်နှင်းဝေမိဘမဲ့ဂေဟာကို တတ်နိုင်သလောက်သွားရောက်လှူဒါန်းခဲ့တဲ့ ဇွဲဝေယံထူးနဲ့ဇွဲဝေယံထက်တို့အမွှာညီအစ်ကို

ကလေးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထူးနဲ့ဇွဲဝေယံထက်တို့အမွှာညီအစ်ကိုလေးနှစ်ယောက်ကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယာက်ဟာ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေကအကယ်မှန်းခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။ လတ်တလောမှာလည်းသူတို့ညီအစ်ကိုက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာမကြာခဏလှူဒါန်းလေ့ရှိတယ်လို့သိရပါတယ်။ ဒီနေ့ဒီဇင်ဘာလ (31)ရက်နေ့မှာလည်း သူတို့ရဲ့လုပ်အားခများနှင့် ခိုင်နှင်းဝေမိဘမဲ့ဂေဟာနှင့် (9)mileရှိ ကုမာရာရာမပရဟိတစာသင်တိုက်တွင် မုန့်မျိုးစုံနှင့်အဝတ်အထည်များကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ ခိုင်းနှင်းဝေကတော့သူတို့အမွှာညီအစ်ကိုလေးရဲ့ အလှူနဲ့ပတ်သက်ပြီး ” ညီလေးတွေညီမလေးတွေကို မုန့်တွေလာလှုပေးပီးတူတူလာဆော့တဲ့အတွက် ကျေးဇူးပါနော်ဒီထက်မကအောင်မြင်ပါစေ..သက်ရှည်ကျန်းမာလို့ပညာတတ်ကြီးတွေဖြစ်ပါစေနော်သားတို့ရေ”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေကိုမျှဝေပေးထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ငယ်ငယ်ရွယ်ရွယ်နဲ့အလှူအတန်းလုပ်ရတာကိုဝါသနာပါပြီး ရသမျှအနုပညာကြေးလေးနဲ့အလှူအတန်းတွေပြုလုပ်နေတဲ့ …

Read More

နှစ်သစ်အလှူအဖြစ် ဆိုက်ကားသမားများကို ဆန်၊ဆီ၊ကြက်ဥ၊ဆေးဝါးနဲ့အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဖြူဖြူထွေးကိုတော့ ပရိသတ်တွေအားလုံးသိလောက်မယ်ထင်ပါတယ်။ သူမကတော့ဟာသဗီဒီယိုဖိုင်လေးတွေကတစ်ဆင့် ပရိသတ်တွေရင်ထဲကို စတင်ဝင်ရောက်လာခဲ့သူတစ်ယောက်ပါ။ သူက ငယ်ရွယ်သူတစ်ယောက်ပေမယ့် သူ့ရဲ့အနုပညာအလုပ်တွေကိုတစိုက်စိုက်မတ်မတ်လုပ်ကိုင်ရင်း မိဘကိုပြုစုလုပ်ကျွေးနေတာပဲဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကြေးတွေကိုလည်း လိုအပ်တဲ့နေရာမှာမကြာခဏလှူဒါန်းလေ့ရှိပြီး ယခုလိုကိုဗစ်ကာလမှာလည်း သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင်ကိုဗစ်ကာလမို့ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အနုပညာရှင်များကိုလည်း သူ့ရဲ့ကြော်ငြာဗီဒီယိုလေးတွေမှာ ခေါ်ယူရိုက်ကူးပြီးအနုပညာကြေးအပြင် လိုအပ်တာတွေလည်း လှူဒါန်းပေးလျက်ရှိပါတယ်။ ဒီနေ့မှာတော့ဖြူဖြူထွေးက နှစ်သစ်ကိုကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ကြိုဆိုတဲ့အနေနဲ့ဆိုက်ကားသမားများကို ဆန်၊ဆီ၊ကြက်ဥ၊ဆေးဝါးနဲ့အလှူငွေများလှူဒါန်းပေးခဲ့ပါတယ်။ အဲဒီအလှူအကြောင်းလေးကိုတော့ “ဖြူဖြူထွေး တစ်ယောက်နှစ်သစ်ကိုဘယ်သူတွေနဲ့ အော်ခဲ့လဲဆိုတော့”ဆိုပြီးရေးသားကာ …

Read More

နှစ်သစ်ရဲ့ပထမဆုံးလလေးမှာ မင်္ဂသက်တမ်း(၁၀)နှစ်ပြည့်တော့မှာဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံ

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အခုဆိုရင်သမီးတစ်ယောက်သားတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ယောက်က၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၄ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး လာမည့်၂၀၂၁ခုနှစ်မှာတော့မင်္ဂသက်တမ်း(၁၀)နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့အိန္ဒြာကျော်ဇင်က အမှတ်တရပုံရိပ်လေးနဲ့အတူ ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “၂၀၂၀ကို အေးစက်စွာနှုတ်ဆက်ပြီး ၂၀၂၁ ကိုနွေးထွေးစွာကြိုဆိုလိုက်ပါတယ်“Warmly welcome 2021”နှစ်သစ်ရဲ့ပထမဆုံးလလေးဟာ ကော်ရီးတီတီနဲ့ အူဝဲတို့ရဲ့ ၁၀နှစ်ပြည့်anniversary လလေးဖြစ်တာမို့လို့ အမှတ်တရအနေနဲ့အူဝဲရဲ့ ထုတ်ကုန်ပစ္စည်းအသစ်တခုကို ချစ်ပရိတ်သတ်ကြီးနဲ့စတင်မိတ်ဆက်ပေးချင်ပါတယ် အဲ့ဒါကဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုတော့ မကြာခင်အချိန်လေးတခုမှာကြေငြာပေးမှာမို့လို့ …

Read More

အသက်ရော ရာသီခွင်ရောအကြိုက်ရောအကုန်တူတဲ့ သူငယ်ချင်းသဇင်ထူးမြင့်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတဲ့ ယွန်းယွန်း

ယွန်းယွန်းကတော့ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ ယွန်းယွန်းဟာယခုအချိန်ထိ ငယ်ရုပ်မပျောက်ဘဲဆံပင်ရှည်ရှည်လေးနဲ့ အရမ်းကိုချစ်စရာကောင်းနေခဲ့ပါတယ်။ ဒီနေ့မှာတော့ယွန်းယွန်းက အသက်ရောရာသီခွင်ရောအကြိုက်ရောအကုန်တူတဲ့ သူငယ်ချင်းသဇင်ထူးမြင့်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာကိုတွေ့ရပါတယ်။   ယွန်းယွန်းနဲ့သဇင်ထူးမြင့်ဟာ 2018ခုနှစ်ကမှစခင်ခဲ့ကြပေမယ့် ညီအစ်မအရင်းတွေလိုတစ်ယောက်ကိုတစ်ယောက်အရမ်းခင်ကြပြီး အနုပညာအလုပ်တွေကိုလည်းအတူတူတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့ကျရောက်တဲ့သဇင်ထူးမြင့်ရဲ့မွေးနေ့အတွက်လည်း မိသားစုဝင်တစ်ယောက်လို ပျော်စရာလေးတွေကိုသွားရောက်ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင်သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday သူငယ်ချင်း 2018မှာစရင်းနှီးခဲ့ပေမယ့် 2020ကျမှ သူငယ်ချင်းအရင်းကြီးတွေဖြစ်လာတယ် အသက်ရောရာသီခွင်ရော အကြိုက်ရောအကုန်တူတဲ့ သူငယ်ချင်းထက်ပိုပြီးညီအစ်မလိုချစ်ရတဲ့ …

Read More