New Year ညမှာ ပရိသတ်တွေကိုဖျော်ဖြေဖို့ အငြိမ့်တိုက်နေတဲ့အကြောင်းပြောလာတဲ့ ခင်လှိုင်

ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ ယခုနောက်ပိုင်းမှာတော့သူက ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးနေတာတွေ့ရပါတယ်။ ခင်လှိုင်ဟာ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပျော်ပျော်နေတတ်ပြီး အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်းဖော်ရွေသူတစ်ယောက်ပါ။ သူကလက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး လာမည့်နှစ်သစ်အကြို New Year Countdown ပွဲမှာလည်း အငြိမ့်ခန်းလေးနဲ့ပါဝင်ခွင့်ရခဲ့တယ်လို့သိရပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၃)ရက်နေ့က ဟားတစ်သိုက်အဖွဲ့၊ဝင်းသပြေထွန်း၊မေ့ချစ်သက်တို့နဲ့အတူ နှစ်သစ်အကြို New Yearညမှာဖျော်ဖြေဖို့အတွက် အငြိမ့်တိုက်ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့ ခင်လှိုင်ကအမှတ်တရပုံရိပ်လေးတွေနဲ့အတူ “ချစ်မိတ်ဆွေတို့ရေ …

Read More

ဒီနေ့မှာကျရောက်တဲ့ ထွန်းထွန်းရဲ့အသက်(၃၇)နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတဲ့ ယုန်လေး

အဆိုတော်နဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ အနုပညာလောကမှာပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။ သူကတော့စိတ်သဘောထားဖြူစင်ပြီး အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ပွင့်လင်းဖော်ရွေသူတစ်ယောက်ပါ။ ဒီနေ့မှာတော့သူက ညီအစ်ကိုလိုခင်ရပြီးအနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်နဲ့အဆိုတော်ထွန်းထွန်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ ဒီနေ့ဒီဇင်ဘာလ(၂၄)ရက်နေ့ကတော့ သရုပ်ဆောင်၊အဆိုတော်ထွန်းထွန်းရဲ့အသက်(၃၇)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့အတွက်အနုပညာရှင်ညီအကိုမောင်နှမတွေနဲ့ ပရိသတ်တွေကလည်းမွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာကိုတွေ့ရပါတယ်။ ယုန်လေးကလည်း အမှတ်တရပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထွန်းထွန်းအတွက် ယခုလိုပဲမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ “Happy Birthday par အရာရာအဆင်ပြေပါစေ ဒီထက်မကအောင်မြင်ခြင်းတွေ စက်တိုက်ပိုင်ဆိုင်ပါစေ”ဆိုပြီးရေးသားကာ မျှဝေလာခဲ့တာဖြစ်ပါတယ်။ မွေးနေ့ရှင်ထွန်းထွန်းတစ်ယောက်(၃၇)နှစ်ပြည့်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင်စိတ်ချမ်းသာကိုယ်ကျန်းမာပြီး …

Read More

သားနဲ့သမီးအနားမှာမရှိရင်စိတ်မချလို့ ဘယ်သွားသွားအမြဲခေါ်သွားတတ်တဲ့ မေမေသဉ္ဇာနွယ်ဝင်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်ကြီးလည်းရင်နှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာခင်ပွန်းဖြစ်သူနဲ့အတူလက်ထပ်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုအရင်ကလောက်မလုပ်တော့ဘဲ မိသားစုအတွက်သာအချိန်ပေးနေခဲ့တာဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကသူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူပိုင်ဆိုင်ထားပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် သူမကတော့ယခုအချိန်ထိ အပျိုလေးတစ်ယောက်လိုနုပျိုပြီး လှပနေဆဲပါ။ သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့သားနဲ့သမီးလေးရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်းသားနဲ့သမီးအနားမှာမရှိရင်စိတ်မချလို့ ဘယ်သွားသွားအမြဲခေါ်သွားတတ်တဲ့အကြောင်း ပရိသတ်ကြီးကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “ဘယ်သွားသွားသားနဲ့သမီးပါမှစိတ်ဖြောင့်တယ် အိမ်မှာချန်ထားခဲ့ရင်ခဏဆိုလွမ်းလာလို့အမြဲခေါ်သွားတော့ကြာကြာလည်ရတာပေါ့”ဆိုပြီးရေးသားကာ သူတို့သားအမိသုံးယောက်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။ Source:Thinzar Nwewin

Read More

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဗေလုဝဆီသွားပြီး လူနာသတင်းမေးခဲ့တဲ့ ငှက်ပျော်ကြော်

ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ငှက်ပျော်ကြော်ကတော့အနုပညာလောကမှာ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိပါတယ်။ သူကတော့အခုချိန်ထိလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ သူဟာပျော်ပျော်နေတတ်သလို အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ငှက်ပျော်ကြော်က ကျန်းမာရေးအခြေအနေကြောင့်ဆေးကုသမှုခံယူနေရတဲ့ ဗေလုဝအိမ်ကိုသွားရောက်ပြီးလူနာမေးခဲ့ပါတယ်။ ဗေလုဝကတော့အဆိုပါရောဂါဝေဒနာကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ရပြီး ပရိသတ်တွေနဲ့အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ငှက်ပျော်ကြော်က သူငယ်ချင်းဖြစ်သူဗေလုဝအိမ်ကိုသွားပြီး လူနာသတင်းမေးခဲ့တဲ့အကြောင်း အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “စစ်သူကြီးတုံးကျော်သူကြီးထံသတင်းမေး”ဆိုပြီးရေးသားကာမျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ ငှက်ပျော်ကြော်နဲ့ဗေလုဝတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ Source:NgaPyaw Gyaw

Read More

သူပြင်ပေးတဲ့အိမ်လေးမှာ တစ်လတောင်မနေရဘဲကွယ်လွန်သွားတဲ့ ဝေဒနာရှင်သမီးလေးအတွက်စိတ်မကောင်းဖြစ်နေတဲ့ ဒိန်းဒေါင်

ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့အနုပညာလောကမှာအောင်မြင်မှုပန်းတိုင်ကိုဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။ သူကတော့အခုနောက်ပိုင်းမှာ ချွန်းတွန်းပရဟိတအဖွဲ့လေးကိုတည်ထောင်ပြီး ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ သူတို့ပရဟိတအဖွဲ့လေးဟာဆိုရင် အမှန်တကယ်လိုအပ်နေတဲ့နေရာတွေနဲ့ မှီခိုမယ့်ဘိုးဘွားတွေကိုကူညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်းကျောက်ကပ်ရောဂါခံစားနေရတဲ့ သမီးလေးကအကူအညီတောင်းလာလို့ သူ့ရဲ့ဆန္ဒအတိုင်းအိမ်လေးကိုပြန်ပြင်ဆောက်ပေးခဲ့ပြီး ဆေးဖိုးငွေလည်းလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒါ့ပေမယ့်ကံမကောင်းစွာနဲ့ပဲအဆိုပါရောဂါဝေဒနာရှင်လေးဟာ သူပြင်ပေးတဲ့အိမ်လေးမှာ တစ်လပြည့်အောင်တောင်မနေရရှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအတွက်ဒိန်းဒေါင်ကတော့စိတ်မကောင်းဖြစ်နေရှာပြီး ပရိသတ်ကြီးကိုအခုလိုပဲရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ “သမီးဆန္ဒကိုချွန်တွန်းအလှူရှင်တွေကဖြည့်ဆည်းပြီးဆောက်ပေးခဲ့တဲ့အိမ်လေးမှာတစ်လပြည့်အောင်တောင်နေမသွားတော့ဘူးလားသမီးရယ်”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူစိတ်မကောင်းဖြစ်စွာနဲ့ မျှဝေလာခဲ့တာဖြစ်ပါတယ်။ Source:Dain Daung

Read More