Knowledge

ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ၊အိမ်ထောင် မပြုရဆိုတာ မှန်/မမှန်

ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိ သလား၊ ဒီအယူအဆတွေ ကို လိုက်ပြီးလုပ်သင့် သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေ…

Read More

ဝါတွင်းကာလ၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း

ထေရဝါဒဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂလာဆောင်လေ့ မရှိကြပါ။ မင်္ဂလာဆောင်လေ့ မရှိကြသည့်အပြင် ခိုးရာလိုက်ခြင်း၊ နှစ်ဦးသဘောတူလက်မှတ်ထိုးထားခြင်းများပင် ပြုလုပ်ထားလေ့ မရှိကြပါ။ မြန်မာလူမျိုးတို့သည် ဝါတွင်းကာလတွင် လက်ထပ်ထိမ်းမြားယူကြပြီဆိုလျှင် ထိုလက်ထပ်ထိမ်းမြားသူများကို ရစရာမရှိအောင် ပစ်ပစ်ခါခါ ပြောတတ်ကြသည်။ သို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာမဆောင်ကောင်းပါသနည်း။ ဤအမေးမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းပင် ဖြစ်ပေသည်။ မိမိကိုယ်တိုင်သည်ပင် ဤမေးခွန်း၏အဖြေကို သိချင်နေခဲ့သည်မှာ ကြာပေပြီ။ စာအုပ်စာပေများ အမြဲလိုလို ဖတ်ဖြစ်သော်လည်း ခိုင်လုံတိကျသော…


မြန်မာနိူင်ငံ၏ဖိုးပြုံးချို (သို့မဟုတ်) မျိုးတုန်းလုနီးပါးဖြစ်နေသော ဧရာဝတီလင်းပိုင်အကြောင်း

ဧရာဝတီ လင်းပိုင်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်ပါသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ဧရာဝတီ လင်းပိုင်များကို ဧရာဝတီ…


အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ ကောင်းကျိုးများ

ယနေ့ခေတ်တွင် ကူးပြောင်းလာသော Online Shoppingများ၏ အကျိုးသက်ရောက်မှုကိုစာဖတ်ပရိတ်သတ်ကြီး သိအောင်မျှဝေပေးလိုက်ပါတယ်နော်။ (၁) ကုန်ကျစရိတ်ပိုမိုသက်သာစေခြင်း အရောင်းဝန်ထမ်းများကို တာဝန်ပေးထားသည့်ဆိုင်ခန်းတစ်ခု ဖွင့်လှစ်မယ်ဆိုပါက ဝန်ထမ်းစရိတ်၊ ဆိုင်ခန်းခ၊ ရေ၊ မီးအသုံးပြုမှုစရိတ် အစရှိသဖြင့် ကုန်ကျစရိတ်များကို အများကြီးကျသင့်နိုင်ပါသည်။အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းပေါ်မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်လျှင် ထိုကုန်ကျစရိတ်များကို ပိုမိုသက်သာစေပါသည်။ (၂) နယ်မြေကန့်သတ်မှု မရှိခြင်း ရန်ကုန်တွင်အခြေချထားသော ဆိုင်ခန်းကို ရန်ကုန်မှာ ရှိနေသည့် customersများသာ လာနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဆိုင်ခွဲများဖွင့်နိုင်သည့်အခါ ဆိုင်ခွဲအတွက် ငွေပိုကုန်ကျစေမည်ဖြစ်ပါသည်။…


ထိုင်သည့်အနေအထားကိုကြည့်ပြီး ပြောနိူင်သော စိတ်နေစိတ်ထားများ

လူအများစုသည် နေ့စဉ်ဘဝတွင် ထိုင်ပုံထိုင်နည်းအမျိုးမျိုးဖြင့် ထိုင်နေကြပါသည်။ထိုအချက်သည် ဖြစ်ရိုးဖြစဉ်သာမန်မျှသာဟုထင်ကြပါလိမ့်မည်။ သို့သော် လူတစ်ယောက်၏ထိုင်ပုံထိုင်နည်း ကိုကြည့်ပြီး စိတ်နေစိတ်ထားနှင့် အမူအကျင့်တို့ကိုလည်းအကဲဖြတ်နိူင်ပါသည်။ထိုအချက်များကို စာဖတ်သူများသိစေရန် ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်နော်။ ပုံစံ ၁ မြက်ခင်းပေါ်တွင် (သို့မဟုတ်) ခုံပေါ်တွင် ဒူးနှစ်ဖက်ကိုထောင်ပြီး လက်နဲ့ပိုက်ထိုင်တတ်သူသည် စိတ်ကူးတီထွင်မှုကောင်းသူဖြစ်ပြီး သြဇာရှိသူ တစ်ဦးဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် အနည်းငယ် ကလေးဆန်တတ်သူဖြစ်ပါသည်။ တစ်ခုခုကို မစဉ်းစားဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သူလည်းဖြစ်ပါသည်။ တခြားသူများကတော့ သင့်ကို ပျော်ပျော်နေတတ်သောသူလို့ ထင်ကြပါလိမ့်မည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ရှောင်ချင်သည့်စိတ်နေသဘောထားလည်းရှိတတ်ပါသည်။…