လက်ထပ်ခွင့်တောင်းခံရတုန်းက အမှတ်တရတွေကို ကြည်နူးစရာပုံရိပ်တွေနဲ့ ပြန်လည်ဝေမျှခဲ့တဲ့ အိမ့်ချစ်

ပြီးခဲ့တဲ့ လပိုင်းလောက်က ချစ်သူဆီက တမြတ်တနိုးနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ်က သူမရဲ့ပျော်စရာအမှတ်တရတစ်ခုကို ပုံရိပ်လေးတွေနဲ့ ပြန်ပြီးအသက်သွင်းခဲ့ပါ တယ်။ ဓာတ်ပုံရိုက်နေတုန်းမှာပဲ အနောက်ကဝင်လာပြီး ရုတ်တရက်ဆိုသလို လက်ထပ်ခွင့် တောင်းလိုက်တဲ့ ချစ်သူကြောင့် စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ရတာတော့ ပုံရိပ်လေးတွေက သက်သေပါပဲ။

သူမရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ တရားဝင်ပြောကြားထားတာ မရှိခဲ့ဖူးပါဘူး။ ကိုယ့်လက်တွဲဖော်မဟုတ်တဲ့သူနဲ့လည်း မှတ်တမ်း မကျန်ချင်ဘူးဆိုပြီး သိုသိုသိပ်သိပ်နေခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ သိုသိပ်လွန်းတဲ့အိမ့်ချစ်ကို အချစ်တွေ ပွင့်ထက်အောင်လုပ်လိုက်နိုင်တဲ့ ကို Eric ကတော့ အမျိုးသားထုကြီးရဲ့ အားကျမှုကို ခံနေရပါပြီ။

သူမတို့ရဲ့ပျော်စရာအမှတ်တရပုံရိပ်တွေကို ” ကို Eric ရဲ့ စပရိုက်တိုက်ခဲ့ပုံအဆင့်ဆင့် သူများဟာ သူများဓာတ်ပုံရိုက်နေတာကို နောက်ကေ နအတင်းဝင်လာတာလို့ဆိုနေ တစ်ပုံချင်းစီသာကြည့်ကြ ပါတော့ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ အချစ်တွေထပ်တူကျပြီး ကိုယ့်ကို လည်းပျော်ရွှင်အောင် ထားမယ့်အမျိုးသားနဲ့ လက်ထပ်ခွင့်ရတာ ကံအကောင်းဆုံးပါပဲ။

credit-cele zone