မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖြစ်တဲ့ အိမ့်ချစ်တို့ ဇနီမောင်နှံ

အချစ်သီချင်းဆွေးဆွေးလေးတွေ ကိုသီဆိုတတ်တဲ့ နိုင်ငံကျော်အဆိုတော်အိမ့်ချစ်ကတော့မကြာသေးမီကမှ မိသားစုနဲ့အတူ ပဲရစ်ကိုသွားလည်ရင်း မထင်မှတ်ထားပဲ ချစ်သူဖြစ်ထံမှလက်ထက်ခွင့်တောင်းခံခဲ့ရတာဖြစ်ပြီး လုံခြုံနွေးထွေးမှုတွေပေးပြီး အဖေလိုအကိုလိုစောင့်ရှောက်ပေးတဲ့အပြင် သူငယ်ချင်းတစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ ဖြစ်လို့ တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ထက်ခွင့်ကို လက်ခံခဲ့တာလို့ ပြောခဲ့ပါသေးတယ်။

အိမ့်ချစ်ဟာ ဇွန်လ(၆)ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုလိုက်ပြီဖြစ်ကြောင်းကို “မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့် အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့ ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ကပ်ရောဂါကြီးကြောင့် မေလတုန်းကစီစဉ်ထားတဲ့ စေ့စပ်ပွဲလေးကိုဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီတဲ့။ ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပသွားမှပါတဲ့။အိမ့်ချစ်ဟာ ပရိသတ်တွေကို သူ့ကိုချစ်ကြသလို သူ့ရဲ့လက်တွဲဖော် ခင်ပွန်းကိုလည်း ချစ်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

credit-cele gabar