သမီးလေးလဝန်းမေရဲ့စကားကြောင့် ဆွံ့အသွားခဲ့ရတဲ့ မေမေသက်မွန်မြင့်

ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနုပညာလောကထဲ စတင်ဝင်ရောက်စဉ်ကတည်းက ကြော်ငြာတွေပါ မပါမပြီးအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ပါ။ အသံအခက်အခဲကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြော်ငြာမင်းသမီးတစ်လက်အနေနဲ့ သာ ရပ်တည်ခဲ့ပြီး အခုဆိုရင်တော့ ရုပ်ရှင်နယ်ပယ်မှာပါ အကယ်ဒမီဆုနှစ်ဆုပိုင်ဆိုင်လာတဲ့အထိ အောင်မြင်မှုတွေ သိမ်းပိုက်လာခဲ့သူလည်း ဖြစ်ပါတယ်။

သူကတော့ (၂၀၁၄)ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး အခုဆိုရင်တော့ သားလေး၊သမီးလေးနဲ့ အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးတွေအကြောင်းကို မျှဝေလေ့မရှိပေမယ့် မနေ့ကတော့ သမီးလေးလဝန်းမေနဲ့ စကားပြောဖြစ်ပုံကို မျှဝေခဲ့ပြီး ပရိသတ်တွေ များစွာ သဘောကျခဲ့ရပါတယ်။ “လဝန်း- မေမေက ဘာလို့ ဘေဘီလေးအသံဖြစ်နေတာလဲ… မေမေ- ဟမ်.. ဘယ်တုန်းက ဘေဘီလေးအသံဖြစ်လို့လဲ… လဝန်း- အခုလေ.. လူကြီး အသံနဲ့ ပြောလေ” လို့ လဝန်းလေးနဲ့ စကားပြောဖြစ်ခဲ့ပုံနဲ့အတူ “ဪ အေးအေး.. သူက အသံဩဩနဲ့ အာပြဲကြီးဆိုတော့ ပြောအားရှိတာပေါ့ ဟွန်း” ဆိုပြီးတော့လည်း အရွှန်းဖောက်ရေးသားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ… အခုချိန်ထိ ကလေးသံလေးလို ချစ်ဖို့ကောင်းတဲ့စကားပြောဟန်လေးနဲ့ ချစ်သက်ကိုတော့ သမီးလေးလဝန်းမေက ဘာလို့ကလေးသံလေးနဲ့ စကားပြောနေတာလဲတဲ့နော်။ လဝန်းလေးနဲ့ မေမေချစ်သက်တို့ရဲ့ ချစ်ဖို့ကောင်းတဲ့အမေးအဖြေလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit-cele gabar