နေကြာပန်းခင်းထဲမှာပျော်ပျော်ပါးပါးဓာတ်ဖမ်းနေတဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံလေးတွေကိုထုတ်ပြလိုက်တဲ့ ကျော်ထက်ဇော်နဲ့ခန့်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချော ကျော်ထက်ဇော်က ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ကျော်ထက်ဇော်က ရုပ်ရည်လေးကချောမောခန့်ညားသလို သရုပ်ဆောင်လည်းတော်တာကြောင့် ပျိုပျိုမေတွေဝိုင်းဝိုင်းလည်အောင် အားပေးခြင်းခံနေရတာလည်း ဖြစ်ပါတယ် ။ ကျော်ထက်ဇော်က “အမုန်းမှသည်၊ မိုးကောင်းကင်အိပ်မက်၊ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ နာမည်ရလာခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာလည်း ကျော်ထက်ဇော်က “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲလေးမှာ ကျော်ထက်ဇော်က နှစ်ကိုယ်ခွဲဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့သဘာဝကျကျသရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ထက်ဇော်က “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲထဲက ရိုက်ကွင်းပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

ကျော်ထက်ဇော်က နေကြာပန်းခင်းကြီးထဲမှာ မင်းသမီးချောလေးခန့်နဲ့အတူ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေးခန့်ကလည်း “You are my sunshine”ဆိုပြီး ကျော်ထက်ဇော်နဲ့ပုံလေးတွေကိုမျှဝေထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောကျော်ထက်ဇော်နဲ့ မင်းသမီးချောခန့်တို့ရဲ့ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

credit-myanamrload