အေးသီတာရောင်းတဲ့မုန့်ဟင်းခါးကိုဝယ်စားတဲ့အပြင် မုန့်ဖိုးတွေပေးပြီးပန်းပါပန်ပေးခဲ့တဲ့ အန်တီဝါဝါဝင်းရွှေ

ဝါရင့်သရုပ်ဆောင် မင်းသမီးချောကြီး ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့ရင်ထဲနှလုံးသားထဲမှာ စွဲစွဲမြဲမြဲနေရာယူထားဆဲ ဖြစ်ပါတယ် ။ ဟိုးအရင်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အန်တီဝါက ယနေ့အချိန်အထိလည်း နာမည်တစ်လုံးနဲ့အောင်မြင်နေဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အန်တီဝါက အနုပညာအလုပ်တွေကို ရပ်နားထားပြီး အိမ်မှာပဲအေးအေးချမ်းချမ်းအနားယူလို့နေတာ ဖြစ်ပါတယ် ။

အသက်ဘယ်လောက်ကြီးကြီး မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အန်တီဝါက အခုချိန်အထိ နုပျိုလှပနေဆဲ ဖြစ်ပါတယ် ။ အန်တီဝါက အရွယ်တင်နုပျိုလှပရုံသာမက စိတ်သဘောထားလေးကလည်း နူးညံ့ဖြူစင်လှတာ ဖြစ်ပါတယ် ။ အခုလည်း အန်တီဝါက ရုပ်ရှင်သရုပ်ဆောင်အေးသီတာရောင်းတဲ့မုန့်ဟင်းခါးကို ဝယ်စားတဲ့အပြင် မုန့်ဖိုးတွေပါပေးခဲ့သေးတာ ဖြစ်ပါတယ် ။

ဒီအကြောင်းကို အေးသီတာက “ကဲ တို့မာမီမုန့်ဟင်းခါးဝယ်စား မုန့်ဖိုးပေး ပန်းပန်ပေး ဘယ်လောက်သာယာလဲ ကျေးဇူးပါချစ်တဲ့ မာမီမီဝါ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ အမြဲလှနေပါစေ အရမ်းချစ်ပါတယ်မာမီ Wa Wa Win Shwe”ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ အေးသီတာကိုမုန့်ဖိုးပေးပြီး ကိုယ်တိုင်ပန်းပန်ပေးနေတဲ့ အန်တီဝါဝါဝင်းရွှေရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

credit-myanmarload