အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် သံယောဇဉ်ကြီးတတ်လွန်းတဲ့အကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

သုသုလို့ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးပိုင်ဖြိုးစုကတော့ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်လွန်းသူပါ။အခုလည်း အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် သံယောဇဉ်ကြီးတတ်လွန်းတဲ့သုသုကတော့ (၅) နှစ်ကျော်ချစ်လာရတဲ့ ခွေးလေးနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြောပြလာတာလည်း ဖြစ်ပါတယ်။

ဒီခွေးလေးကတော့ သုသုရဲ့ My Story တွေမှာ မကြာခဏတင်လေ့ရှိတာကြောင့် ပရိသတ်တွေကတော့သိနေကြမယ်ထင်ပါတယ်။သုသုကတော့ ဖေ့ဘွတ်ခ်မှာ သူချစ်တဲ့ခွေးလေးအကြောင်းကို ပြောပြရင်း “ဂါမဏိလေးငယ်ငယ်တုန်းကပုံလေးတွေ အဲ့တုန်းက ကလေးလေးဆိုတော့အရမ်းချွဲ အရမ်းဆော့ ခု(၅)နှစ်ကျော်သွားတော့အချေကြီးပဲတစ်လိုင်း သူ့ကိုယ်သူ အင်္ဂလန်ပြည်ကဘုရင်မကြီးလောက်ထင်နေတာ တခြားအာဝုလေးတွေရော… အဲ့လိုပဲလားဟင်?” ဆိုပြီးတော့ မေးခွန်းထုတ်လာခဲ့ပါတယ်။

သုသုကတော့ မင်းသမီးတစ်လက်ဆိုပေမဲ့ မာန်မာနမရှိဘဲ ကလေးလေးလိုချစ်စရာကောင်းတဲံအပြုအမူတွေကြောင့် ပရိသတ်တွေကအချစ်ပိုရတာပါ။ အခုလည်း (၅) နှစ်တောင်ချစ်ခဲ့တဲ့ခွေးလေးနဲ့ပတ်သက်ပြီးပရိသတ်တွေကို ရင်ဖွင့်ပြောပြရင်း ပရိသတ်တွေကို မေးခန်းထုတ်လာတာပါတဲ့နော်…

credit-cele gabar