ကလေးတစ်ယောက်အမေလို့မထင်မှတ်ရလောက်အောင်နုပျိုနေတဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့တဲ့ နန်းမြတ်က သားလေးမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာလုပ်ကိုင်တော့တာ ဖြစ်ပါတယ်။

နန်းမြတ်ရဲ့သားလေး ကလည်း အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေး ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန်းမြတ်တို့မိသားစုလေးက အေးချမ်းစွာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။နန်းမြတ်က သူမရဲ့သားလေးကိုအရမ်းချစ်ပြီး အမြဲတမ်းဂရုစိုက်မှု အပြည့်အဝပေးထားတာလည်း ဖြစ်ပါတယ် ။

နန်းမြတ်ကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခဏဆိုသလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ မြန်မာဝတ်စုံလေးနဲ့ အဆီပိုမရှိ ကျစ်လစ်သွယ်လျလှပလွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး တကယ်ကို ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

credit-cele zone