အိမ်ထောင်ပြုသွားတဲ့အိမ့်ချစ်ကို ကလေးလို့ပဲမြင်နေမိလို့ နှမျောမိတဲ့အကြောင်းနဲ့ ပြောပြလာတဲ့ မေခလာ

ပရိသတ်တွေဂဲ့အချစ်တော် အဆိုတော်မလေး အိမ့်ချစ်ကတော့ ဒီကနေ့လေးမှာပဲ သူမရဲ့ချစ်သူနဲ့အတူ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဆိုတာ ပရိငတ်တွေအားလုံး သိပြီးကြပြီလို့ ထင်ပါတယ်နော်..။ ချစ်သူရှိတဲ့အကြောင်းနဲ့ အိမ်ထောင်ပြုတော့မယ့်အကြောင်းကို အိမ့်ချစ်က ပရိသတ်တွေကို အသိပေးပြောပြထားပေမယ့် ဒီနေ့လို လပ်ထပ်လိုက်ပြီဆိုတဲ့ သတင်းလေးဟာ ပရိသတ်တွေကို ဝမ်းသာဂုဏ်ပြုကာ ကြည်နူးမှုလေးတွေဖြစ်စေသလို ချစ်ရတဲ့ Idol ကို ချစ်တဲ့စိတ်လေးတွေနဲ့ နှမျောမိတဲ့ စိတ်လေးတွေ ဖြစ်မိစေမှာပါနော်..။

အိမ့်ချစ်ရဲ့ ကြည်နူးစရာမင်္ဂလာသတင်းလေးကတော့ ပရိသတ်တွေအပြင် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကိုပါ ကြည်နူးမှုလေးတွေဖြစ်စေသလိုချစ်ခင်လေးစားရတဲ့ ဝါရင့်အဆိုတော် မေခလာကလည်း အိမ့်ချစ်ကို ကလေးလို့ပဲ မြင်နေမိလို့ နှမျောမိတဲ့အကြောင်းလေးနဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်..။ အတူခရီးသွားခဲ့စဉ်အခါက လက်ထပ်တော့မယ့်အကြောင်း ပြောပြတဲ့ အိမ့်ချစ်ကို ငယ်လေးလို့ အိမ်ထောင်မပြုသေးဖို့ တားခဲ့တဲ့အကြောင်းနဲ့ အိမ့်ချစ်ရဲ့ခင်ပွန်းဖြစ်သူကလည်း လူကောင်းတစ်ယောက်ဖြစ်ပြီး အိမ့်ချစ်အပေါ်တကယ်တန်ဖိုးထား ချစ်မြတ်နိုးတာ တွေ့လို့ ဝမ်းသာတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

“ကိုယ့်စိတ်ထဲမှာ ခလေးလေးလို့ပဲထင်နေသေးတယ် ဩဇီ ကို အတူ သွားခဲ့ကြတုန်းက သမီးက လက်ထပ်တော့မယ်လို့ ပြောခဲ့တယ် အဲ့ဒီတုန်းက ချစ်ငယ်က မယူပါနဲ့အုံးသမီးရယ် ငယ်ပါသေးတယ်လို့ ပြောခဲ့တယ် သမီးက ဟာ ချစ်ငယ် ကလဲ သမီး မငယ်တော့ ဘူး အသက်၃၀ ပြည့်တော့မယ်တဲ့ အင်းဟုတ်သားပဲ သူပြောတာမှန်သားပဲ ကိုယ့်စိတ်ထဲမှာ သူ့ကိုခလေးပဲထင်မိ့ခဲ့တာကိုး နှမြောတဲ့စိတ်ကြောင့် ပြောမိ့ပေမဲ့ အချိန်တန် ရင် ဒီလိုပဲ ကြုံတွေ့ ရမှာပဲ အမှန်တွေကို လက်ခံမိ့တယ် ကိုယ်တွေတုန်းကလဲ သူ့ ထက်တောင်ငယ်သေးလေ ကိုယ်မတရားပြောမိ့ လေသလားလို့သားနဲ့ တွေ့တဲ့ အချိန်မှာလဲ လူရည်သန့် လူကောင်း အိမ့်ချစ်ပေါ်မှာ တကယ်ချစ်တာ တန်ဖိုးထားတာတွေ့ရလို့ သမီး ကံကောင်းမှာပါ ချစ်မေ..” ဆိုပြီး အမှတ်တရလေးတွေကို ပြောပြထားတာပါ..။ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ပြည်သူ့အသည်းကျော်လေး အိမ့်ချစ်ရဲ့ မင်္ဂလာသတင်းလေးတွေကိုလည်း ပရိသတ်တွေက ဂုဏ်ပြုစကားလေးတွေ ပြောထားကြပါတယ်နော်..။

credit-myanamrload