စားဝတ်နေရေး ခက်ခဲနေသူတွေရဲ့ ဘဝတွေကို ခဏတာ အဆင်ပြေစေခဲ့တဲ့ ဟိန်းမင်းသူရဲ့ အလှူလေး

အခြေအနေတွေ မျိုးစုံ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလို ကာလတွေမှာ ပြည်သူ ပြည်သားတွေခမျာ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေကို များစွာ ကြုံတွေ့နေကြရပါတယ် ။ ဒီလို အချိန်တွေမှာ ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ခက်ခဲနေကြသူတွေကို မြင်တွေ့တိုင်း တတ်နိုင်သလောက် ကူညီရိုင်းပင်းရင်း ရှေ့ဆက်ဖို့အတွက် အင်အားတွေ ပေးခဲ့ကြပါတယ် ။ 

တစ်ချို့တွေကလည်း ဒီလို ကာလတွေကို အခွင့်ကောင်းယူကာ ပြည်သူတွေ အလျင်စလို လိုအပ်နေကြတဲ့ ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါးတွေကို မတန်တဆ ဈေးတွေတင်ကာ ရောင်းချနေကြတာကို တွေ့ရပါတယ် ။  ဒီလို အတ္တသမားတွေကြောင့် ခုဆို တကယ်ကို စာနာစိတ်အပြည့်ရှိတဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ ၊ အဆင်ပြေပြေနဲ့ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေကို နေရာ အစုံမှာ ပြုလုပ်လာကြပါတယ် ။

ဒီလို လှူဒါန်းကြသူတွေ အထဲမှာ ဟိန်းမင်းသူလည်း အပါအဝင်ပါပဲ ။ ယနေ့မှာတော့ ဟိန်းမင်းသူက သူကိုယ်တိုင် မတည်ငွေ ထည့်ဝင်ပြီး Mask ရောင်းရငွေတွေ စုပေါင်းပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် စားသောက်ကုန်များ လှူဒါန်းခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ဟိန်းမင်းသူရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Photo – Hein Min Thu

-Zawgyi Font ဖြင့်ဖတ်ရန်- 

စားဝတ္ေနေရး ခက္ခဲေနသူေတြရဲ႕ ဘဝေတြကို ခဏတာ အဆင္ေျပေစခဲ့တဲ့ ဟိန္းမင္းသူရဲ႕ အလႉေလး 

ပီတိျဖစ္စရာပါပဲ 🙏

အေျခအေနေတြ မ်ိဳးစုံ ျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕ အခုလို ကာလေတြမွာ ျပည္သူ ျပည္သားေတြခမ်ာ အဆင္မေျပမႈေတြ ဆုံးရႈံးမႈေတြကို မ်ားစြာ ႀကဳံေတြ႕ေနၾကရပါတယ္ ။ ဒီလို အခ်ိန္ေတြမွာ ျပည္သူမွာ ျပည္သူပဲ ရွိတယ္ဆိုတဲ့ ခံယူခ်က္ေတြနဲ႔ ခက္ခဲေနၾကသူေတြကို ျမင္ေတြ႕တိုင္း တတ္ႏိုင္သေလာက္ ကူညီ႐ိုင္းပင္းရင္း ေရွ႕ဆက္ဖို႔အတြက္ အင္အားေတြ ေပးခဲ့ၾကပါတယ္ ။ 

တစ္ခ်ိဳ႕ေတြကလည္း ဒီလို ကာလေတြကို အခြင့္ေကာင္းယူကာ ျပည္သူေတြ အလ်င္စလို လိုအပ္ေနၾကတဲ့ ကုန္ေဈးႏႈန္းေတြ ၊ ေဆးဝါးေတြကို မတန္တဆ ေဈးေတြတင္ကာ ေရာင္းခ်ေနၾကတာကို ေတြ႕ရပါတယ္ ။  ဒီလို အတၱသမားေတြေၾကာင့္ ခုဆို တကယ္ကို စာနာစိတ္အျပည့္ရွိတဲ့ ေစတနာရွင္ျပည္သူေတြ ပူးေပါင္းၿပီး လႉဒါန္းမႈေတြ ၊ အဆင္ေျပေျပနဲ႔ ဝယ္ယူႏိုင္မယ့္ နည္းလမ္းေတြကို ေနရာ အစုံမွာ ျပဳလုပ္လာၾကပါတယ္ ။

ဒီလို လႉဒါန္းၾကသူေတြ အထဲမွာ ဟိန္းမင္းသူလည္း အပါအဝင္ပါပဲ ။ ယေန႔မွာေတာ့ ဟိန္းမင္းသူက သူကိုယ္တိုင္ မတည္ေငြ ထည့္ဝင္ၿပီး Mask ေရာင္းရေငြေတြ စုေပါင္းၿပီး စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူေတြ အတြက္ စားေသာက္ကုန္မ်ား လႉဒါန္းခဲ့ပါတယ္ ။ ပရိသတ္ႀကီးအတြက္ ဟိန္းမင္းသူရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Photo – Hein Min Thu