ရေဘေးကို ဆိုးဝါးစွာ ကြုံတွေ့နေရတဲ့ ညောင်းတုန်းမြို့က ကျေးရွာအတွက် အရေးပေါ် လိုအပ်တာများကို လှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

မိုးတွင်းကာလမှာ သဘာဝ ဘေးအန္တရာယ်တွေကို ကြုံတွေ့ကြရတာ နှစ်စဉ် နှစ်တိုင်းပါပဲ ။ ဒီရက်ပိုင်းမှာဆိုရင်လည်း တစ်ချို့ ဒေသတွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေ ၊ မြေပြိုကျတာတွေကို ဒေသခံတွေ အနေနဲ့ ရင်ဆိုင် နေကြရပါတယ် ။ 

ဒီလို အခြေအနေတွေမှာ စားဝတ်နေရေးအတွက်လည်း ခက်ခဲကြသလို အချို့ဆို သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရတာတွေတောင် ရှိခဲ့တာ စိတ်မကောင်းစရာပါပဲ ။ ဒါကြောင့် ခုဆိုရင် အလှူရှင်တွေ ၊ ပရဟိတ အသင်းတွေ စုပေါင်းပြီး လိုအပ်တာတွေ လှူဒါန်းပေးလျက်ရှိပါတယ် ။

အခုလည်း ခိုင်နှင်းဝေက ရေးဘေးကို ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်က ကျေးရွာတွေ အတွက် အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးများနဲ့ အိမ်သုံး ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်းဝေမျှလာပါတယ် ။ လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးခြင်းက မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် –


သာဓု သာဓု သာဓုရ🙏




Photo – Khine Hnin Wai