ပြည်သူမှာ ပြည်သူပဲ ရှိလို့ စာနာစိတ်အပြည့်နဲ့ တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရထားတဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ လင်းအောင်ခေတ်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တာပွန်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင်လင်းအောင်ခေတ်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ လင်းအောင်ခေတ်က တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားအကူအညီပေးနေတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ် ။ 

ယနေ့မှာလည်း ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်ချင်းစာနာစွာ တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဆရာတော်ရဲ့ အာဟာရဒါန အလှူလေးမှာ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးနေတာပဲဖြစ်ပါတယ် ။ ပုံရိပ်တွေနဲ့ အတူ ” ပြည်သူကို ပြည်သူ ကူညီ..ဘုန်းဘုန်းဦးဆောင်တဲ့ အလှူလေးမှာ ကိုယ် တက်နိုင်သလောက်လေးပါဝင်အားဖြည့်” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Lin Aung Khit

-Zawgyi Font ဖြင့်ဖတ်ရန်- 


သာဓု သာဓု သာဓုပါ 🙏



