ကိုဗစ်ကာလမှာ လူနာတွေ လိုအပ်နေကြတဲ့ အောက်ဆီဂျင်အိုးများကို ခိုင်နှင်းဝေ ဂေဟာအား လှူဒါန်းပေးခဲ့တဲ့ စန္ဒီမြင့်လွင်

ကိုဗစ်ရောဂါကူးစက်မှုတွေက ဒီကာလမှာ အတော်လေးများခဲ့တာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ အခုချိန်အထိလည်း ရောဂါဖြစ်ပွားနေသူတွေ ကျန်ရှိနေသေးသလို အောက်ဆီဂျင် လိုအပ်နေကြတဲ့ လူနာတွေလည်း ရှိနေဆဲပါ ။ 

ဒါ့ကြောင့်လည်း ရဟန်းသံဃာတွေ ၊ စေတနာ အလှူရှင်တွေ နဲ့ ပရဟိတ အသင်းတွေက အောက်ဆီဂျင်တွေ အဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ အရင်ထက်တော့ အတော်လေး အဆင်ပြေလာတာတွေ့ရပါတယ် ။ ခုလို တတ်နိုင်သလောက် ငွေအားရော လုပ်အားပါ ကူညီပေးနေကြသူတွေ အထဲမှာ အနုပညာရှင်တွေလည်း အပါအဝင်ပါပဲ ။

အခုလည်း စန္ဒီမြင့်လွင်တို့ မိသားစုက ကိုဗစ်လူနာတွေ အတွက် အောက်ဆီဂျင်အိုး (၂) အိုးကို ခိုင်နှင်းဝေ ဂေဟာအား လှူဒါန်းပေးခဲ့ပါတယ် ။ လိုအပ်နေချိန်မှာ တတ်နိုင်သလောက် ပါဝင် လှူဒါန်းနေတာလည်း မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် စန္ဒီမြင့်လွင်ရဲ့ အောက်ဆီဂျင် အလှူလေးကိုဝေမျှပေးလိုက်ပါတယ် ။

Photo – Sandi Myint Lwin 

-zawgyi font ဖြင့်ဖတ်ရန်- 

ကိုဗစ္ကာလမွာ လူနာေတြ လိုအပ္ေနၾကတဲ့ ေအာက္ဆီဂ်င္အိုးမ်ားကို ခိုင္ႏွင္းေဝ ေဂဟာအား လႉဒါန္းေပးခဲ့တဲ့ စႏၵီျမင့္လြင္

သာဓု သာဓု သာဓုပါ 🙏

ကိုဗစ္ေရာဂါကူးစက္မႈေတြက ဒီကာလမွာ အေတာ္ေလးမ်ားခဲ့တာေၾကာင့္ လိုအပ္တဲ့ ကိစၥအဝဝကို ပရဟိတ အသင္းေတြ ၊ နီးစပ္ရာ ျပည္သူေတြကပဲ ကူညီေဆာင္႐ြက္ေပးေနၾကတာပါ ။ အခုခ်ိန္အထိလည္း ေရာဂါျဖစ္ပြားေနသူေတြ က်န္ရွိေနေသးသလို ေအာက္ဆီဂ်င္ လိုအပ္ေနၾကတဲ့ လူနာေတြလည္း ရွိေနဆဲပါ ။ 

ဒါ့ေၾကာင့္လည္း ရဟန္းသံဃာေတြ ၊ ေစတနာ အလႉရွင္ေတြ နဲ႔ ပရဟိတ အသင္းေတြက ေအာက္ဆီဂ်င္ေတြ အဆက္မျပတ္ လႉဒါန္းေပးလ်က္ရွိရာ အရင္ထက္ေတာ့ အေတာ္ေလး အဆင္ေျပလာတာေတြ႕ရပါတယ္ ။ ခုလို တတ္ႏိုင္သေလာက္ ေငြအားေရာ လုပ္အားပါ ကူညီေပးေနၾကသူေတြ အထဲမွာ အႏုပညာရွင္ေတြလည္း အပါအဝင္ပါပဲ ။

အခုလည္း စႏၵီျမင့္လြင္တို႔ မိသားစုက ကိုဗစ္လူနာေတြ အတြက္ ေအာက္ဆီဂ်င္အိုး (၂) အိုးကို ခိုင္ႏွင္းေဝ ေဂဟာအား လႉဒါန္းေပးခဲ့ပါတယ္ ။ လိုအပ္ေနခ်ိန္မွာ တတ္ႏိုင္သေလာက္ ပါဝင္ လႉဒါန္းေနတာလည္း မြန္ျမတ္လွပါတယ္ ။ ပရိသတ္ႀကီးအတြက္ စႏၵီျမင့္လြင္ရဲ႕ ေအာက္ဆီဂ်င္ အလႉေလးကိုေဝမွ်ေပးလိုက္ပါတယ္ ။

Photo – Sandi Myint Lwin