လူရွှင်တော် ဦးရွှေအိုးရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် အလှူငွေလေးထည့်ဝင်ကာ ကူညီဖြေရှင်းပေးခဲ့တဲ့ ဘေဘီမောင်

ပရိသတ်တွေ အပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူကတော့ မင်းသမီးချောလေး ဘေဘီမောင်ပါပဲ ။ အလှူအတန်းတွေလည်း အမြဲမပြတ် ပြုလုပ်ကာ အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘာတာတရားလည်း ကိုင်းရှိုင်းပြီး မြန်မာပြည်ကြီး အမြန်အေးချမ်းစေရန်နဲ့ (၇) ရက်သားသမီး ပြည်သူတွေအတွက်လည်း ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

ဘေဘီမောင်ကတော့ ခက်ခဲနေသူတွေအတွက်ဆို အမြဲ ကူညီရန် အသင့်ရှိတတ်သူလည်းဖြစ်ပါတယ် ။အခုလည်း ငွေကြေး အတော်လေး အဆင်မပြေ ဖြစ်နေတဲ့ လူရွှင်တော် ဦးရွှေအိုးအတွက် တတ်နိုင်သလောက် အလှူငွေများ သွားရောက်လှူဒါန်းရင်းကူညီခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo – Baby Maung

-Zawgyi Font ဖြင့်ဖတ်ရန်- 


လေးစားစရာ စိတ်ဓာတ်လေးနော်🙏




Photo – Baby Maung