အိမ်နားမှာရှိတဲ့သန့်ရှင်းရေးဝန်ထမ်းတွေနဲ့အစောင့်တွေအတွက် အဟာရဖြစ်စေမည့်အသားဟင်းတွေလှူဒါန်းပေးခဲ့တဲ့ စီနွန်

စီနွန်ကတော့ဖိလစ်ပိုင်နိုင်ငံကမော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေကိုလာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ဆင်းရဲ့ချို့တည့်သူတွေနဲ့အမှန်လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင်သလောက်မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်ပေးလေ့ရှိပါတယ်။

ဒီနေ့မှာလည်းသူကအိမ်နားမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့အိမ်နားမှာရှိတဲ့အစောင့်တွေအတွက်အိမ်ပြန်ရောက်တဲ့အခါချက်ပြုတ်စားသောက်နိုင်ရန် အဟာရဖြစ်စေရန်လတ်ဆတ်တဲ့အမဲသား(စိမ်း)တွေကို ကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့” ဒီနေ့ကျတော်ကကျတော့်အိမ်နားမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေအိမ်နားမှာရှိတဲ့အစောင့်တွေအတွက် လတ်ဆတ်တဲ့အမဲသား(စိမ်း)တွေပေးဖို့ပြင်ဆင်နေပါတယ်ခင်ဗျ သူတို့တစ်နေကုန်အလုပ်လုပ်ပီးပင်ပန်းလို့အိမ်ပြန်ရောက်တဲ့ အခါချက်ပြုတ်စားသောက်နိုင်လို့ပါခင်ဗျ ဂရုစိုက်မှုအသေးအမွှားလေးကအစကျတော်တို့နေထိုင်ရာပတ်ဝန်းကျင်လေးကိုသာယာစေနိုင်ပါတယ်

နောက်ဆုံးတော့ကျနော်သန့်ရှင်းဝန်ထမ်းတွေနဲ့တွေ့ခဲ့ပီး လတ်ဆတ်တဲ့အမဲသားတွေပေးခဲ့ပါပီ သူတို့ဒီညချက်စားကြလိမ့်မယ်လို့ကျနော်ထင်ပါတယ် ကျတော်အရမ်းပျော်တယ်”ဆိုပြီးအလှူပုံရိပ်လေးတွေနဲ့အတူဝမ်းသားပိတီဖြစ်နေကြောင်း စီနွန်ကရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေနိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းပြုလုပ်တဲ့နေရာမှာရက်ရောတဲ့စီနွန်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Sinon Loresca