တန်ဂိုလေးတွေနဲ့အတူ(၁၀)ကြိမ်မြောက်အလှူကို ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်သရက်ကုန်းကျေးရွာရှိဗေသေသဒမိဘမဲ့ဂေဟာတွင်ပြုလုပ်ခဲ့တဲ့တန်ခွန်ကျော်

Myanmar Idol Season -4ကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တဲ့တန်ခွန်ကျော်ကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။သူဟာပြိုင်ပွဲပြီးကတည်းကအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီးမကြာသေးခင်ကလည်းတန်ခွန်ကျော်ဟာ သူ့ရဲ့ပထမဦးဆုံးပွဲဦးထွက်သီချင်းလေးဖြစ်တဲ့”ခံနိုင်ရည်မရှိတော့”သီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီးပရိသတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။

တန်ခွန်ကျော်ကစိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့လည်းတန်ဂိုလေးတွေနဲ့အတူအလှူအတန်းတွေမကြာခဏပြုလုပ်လေ့ရှိပါတယ်။ ဒီနေ့မှာတော့တန်ဂိုလေးတွေနဲ့အတူ(၁၀)ကြိမ်မြောက်အလှူကို ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်သရက်ကုန်းကျေးရွာရှိဗေသေသဒမိဘမဲ့ဂေဟာတွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့”(၁၀)ကြိမ်မြောက်တန်ခွန်နှင့်တန်ဂိုများစုပေါင်းအလှူဒါနရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်သရက်ကုန်းကျေးရွာရှိဗေသေသဒမိဘမဲ့ဂေဟာတွင်စုပေါင်းလှူဒါန်းသည်။

လှူဒါန်းတဲ့ပစ္စည်းတွေကဆန်အိတ်(၅၀)စားသုံးဆီ(၁၀)ပိဿာ(၁၅)ပုံးကြက်သွန် နီ(၂)အိတ်ကြက်သွန်အဖြု(၁)အိတ်အားလူး (၁)အိတ်အချိုမုန့်အထုပ်ကြီး (၅)ထုပ်တို့ပဲဖြစ်ပါတယ်ခင်ဗျ01.08.2020 ယနေ့လှူဒါန်းငွေ#ကျပ်သိန်း(၂၀) ယနေ့ပိုငွေ#212,000Ksယခင်ပိုငွေ #627,900Ksလက်ရှိစုစုပေါင်းကျန်ငွေ #839,900Ksပါဝင်လှူဒါန်းကြပါသောဒါနရှင်မျာရအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာလျက်လိုအင်ဟူသမျှပြည့်စုံကြပါစေခင်ဗျကျန်ငွေအား ထပ်မံဖြည့်စွက်ကာ ှူဒါန်းသွားပါဦးမည်။”ဆိုပြီးတန်ခွန်ကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Tan Khun Kyaw