သိန်း၁သောင်းခွဲ ကံထူးသွားတဲ့ သူငယ်ချင်းဆီက ကံကောင်းချင်းတွေ သွားယူခဲ့တဲ့ ယုန်လေး

ဒီနေ့ သြဂုတ်လ(၁) ရက်နေ့မှာတော့ (၁၈) ကြိမ်မြောက် အောင်ဘာလေထီကို ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး အမြင့်ဆုံးသိန်းတစ်သောင်းခွဲဆုကြီးကိုတော့ ရန်ကုန်မြို့မှ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ တာမွေမြို့နယ်က ကိုကျော်စွာက ဆွတ်ခူးခဲ့တာဖြစ်ပြီး ယုန်လေးကတော့ ကံကောင်းလွန်းတဲ့ သူ့ရဲ့သူငယ်ချင်းဆီသွားကာ ဂုဏ်ပြုစကားပြောကြားရင်း ပရိသတ်ကိုပါ မျှဝေခဲ့ပါတယ်။

” ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ… ကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း … ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ …. ကိုယ်တွေများ (၅) သောင်း ဆုကို (၂) နှစ် နေလောက်မှ တစ်ခါပေါက်တယ်…. သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ် ယူပါတယ် . ကံထူးရှင်ကြီး ကိုကျော်စွာ ” ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းဖြစ်သူနဲ့ ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။

သိန်းတစ်သောင်းခွဲဆုကြီးကတော့ နယ်တွေမှာ အများဆုံးပေါက်လေ့ရှိတဲ့အပြင် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မှာပေါက်ရုံမက သူငယ်ချင်းအရင်းကြီးက ကံထူးသွားတာကြောင့် ယုန်လေးကတော့ ဝမ်းသာဂုဏ်ယူစွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

credit-cele gabar