မိခင်ဖြစ်သူအတွက်လိုအပ်တာသုံးဖို့နဲ့ အမေစားချင်တဲ့မုန့်လေးတွေကိုသွားရောက်ကန်တော့ခဲ့တဲ့ Kညီ

ပရိသတ်အချစ်တော်ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ kညီကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကိုချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူပိုင်ဆိုင်ရရှိထားပါတယ်။ kညီဟာလတ်တလောမှာလည်းအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပေမယ့်

အပြင်စီးပွားရေးလုပ်ငန်းတစ်လုအနေနဲ့လည်း အထည်ဆိုင်ကိုဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။သူကတော့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ပရိသတ်တွေအပေါ်မှာလည်းရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတတ်ပြီး စိတ်သဘောထားဖြူစင်သူတစ်ယောက်ပါ။ ဒါ့အပြင်အလှူအတန်းတွေကိုလည်းမကြာခဏပြုလုပ်လေ့ရှိပြီး မိခင်ဖြစ်သူကိုလည်းလတိုင်းပိုက်ဆံနဲ့လိုအပ်တဲ့ပစ္စည်းတွေကန်တော့လေ့ရှိပါတယ်။

လက်ရှိမှာလည်း တစ်လပြည့်ပြီမို့သွားရောက်ကန်တော့ခဲ့ပြီး”လကုန်ပြီဆိုတော့ အမေ့ကိုလာကန်တော့ဖြစ်တယ်?အမေလိုအပ်တာသုံးဖို့နဲ့ အမေစားချင်တဲ့မုန့်လေးတွေရယ် အမေကျန်းမာအသက်ရှည်ပါစေ”ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ kညီကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေသားလိမ္မာလေးkညီရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:K Nyi