အနုပညာအလုပ်တွေကို အမြဲပံ့ပိုးပေးနေတဲ့ အမေဖြစ်သူနဲ့အတူ ပုဂံရောက်နေတဲ့ အကြောင်းကို ပရိသတ်တွေအတွက်မျှဝေပေးလိုက်တဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ မွန်မလေးလည်းဖြစ်သလို ပရိသတ်တွေချစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်တဲ့ ဝေလာရီကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဝေလာရီကိုတော့ နှင်းဆီ ဇာတ်ကားထဲမှာ ပရိသတ်တွေအသိအမှတ်ပြုခဲ့ကြပြီးလက်ရှိအချိန်မှာအနုပညာအလုပ်တွေတောက်လျှောက်လုပ်လာတဲ့ သူတစ်ယောက်ပါ။

ဝေလာရီကတော့ အနုပညာအလုပ်တွေကို အမြဲပံ့ပိုးပေးနေတဲ့ အမေဖြစ်သူနဲ့အတူ ပုဂံရောက်နေတဲ့ အကြောင်းကို ပရိသတ်တွေကို ပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အနားမှာ အမြဲလိုက်စောင့်ရှောက်ပြီး …အနုပညာ အလုပ်တွေ Support ပေးနေတဲ့ …ချစ်မေကြီးပုဂံမှာ သားအမိတွေ ဆင်တူလေး …အကို ၂ ယောက်နဲ့ ပုံတွေ နောက်နေ့တင်မယ် … ယောက်မလေးလို့ မခေါ်ကြေး … “ဆိုပြီးတော့ ပုဂံရောက်ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကိုမှိဝေလာတာပါ။

ဝေလာရီကတော့ အဆိုတော်လိမ္မော်သီးရဲ့ညီမလေးလည်း ဖြစ်ပြီး ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေသူလေးပါ။ မိခင်ဖြစ်သူကို မိတ်ဆက်ပေးခဲ့ပြီး ပုဂံမှာပျော်ရွှင်နေပုံလည်း ရပါတယ်။ ဝေလာရီရဲ့အနုပညာခြေလှမ်းအသစ်တွေကို မျှော်နေတဲ့သူတွေရှိကြလားနော်…

credit-cele gabar