ထီပေါက်တဲ့အပြင် လက်ဆောင်တွေလည်းရတဲ့အကြောင်းကို ပျော်ရွှင်စွာနဲ့ မျှဝေလာတဲ့ မိုးဟေကို

ပရိသတ်အချစ်တော်မိုးဟေကိုကိတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် အစီအစဉ်တွေတစ်ခုပြီးတစ်ခုရှိနေတာပါ။ မိုးဟေကိုကတော့ မကြာသေးခင်က သီချင်းတစ်ပုဒ်ကို ပရိသတ်တွေကိုဆိုပြခဲ့ပြီး တစ်ခါမှာမလုပ်ခဲ့ဖူးတဲ့အပြုအမူလေးလည်း ဖြစ်ပါတယ်။ အခုလည်း ကံကောင်းသွားတဲ့အကြောင်းကိုတော့ ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။

မိုးဟေကိုကတော့ ဒီတစ်လမှာထီပေါက်တဲ့သူတွေထဲပါဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဖေ့ဘွတ်ခ် မှာ ထီပေါက်တဲ့အကြောင်းကို မျှဝေလာခဲ့တာပါ။ ထီပေါက်တဲ့အပြင် လက်ဆောင်တွေလည်းရတဲ့အကြောင်းကိုလည်း ပျော်ရွှင်စွာနဲ့ မျှဝေလာခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ထီပေါက်တယ်ဆိုတာ ရှားပါးပေမဲ့ မိုးဟေကိုတစ်ယောက်ကံကောင်းခဲ့တာကြောင့် ပရိသတ်တွေကတော့ သူ့အတွက်ဝမ်းသာနေကြမှာပါ။

မိုးဟေကိုကတော့ အနုပညာအလုပ်တွေခဏနားနေတဲ့အချိန်မှာ သူ့ရဲ့လှုပ်ရှားမှုလေးတွေကို ဗီဒီယိုလေးတွေအဖြစ်နဲ့ ပရိသတ်တွေကို မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း အနုပညာအလုပ်တွေစတင်လှုပ်ရှားနေကြပြီလည်းဖြစ်တာကြောင့် အနုပညာခြေလှမ်းအသစ်တွေကို ရင်ခုန်နေကြပြီ မဟုတ်လားနော်…

credit-cele gabar