နေထိုင်ရာကျွန်လေးမှာ မုန်တိုင်းရှိတာကြောင့် စိတ်ပူနေတဲ့ချစ်ရသူတွေကို အဆင်ပြေကြောင်းပြောလာတဲ့ ခင်လေးနွယ်

အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ လီဆူးတိုင်ရင်းသူ မင်းသမီးချော ခင်လေးနွယ်ကတော့ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ကတော့ တိုင်ရင်းသူလေးဖြစ်တဲ့အတွက် စကားအပြောအဆိုပွင့်လင်းရိုးသားတာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း အချစ်ပိုနေရတာပါ။

ခင်လေးနွယ်ကတော့ အချိန်တော်တော်ကြာတစ်ကိုယ်တည်း အပျိုကြီးအဖြစ် မြင်တွေ့ရတာကြေင့် ပရိသတ်တွေ အပျိုကြီးလုပ်တော့မလားလိုပ ထင်ကြေးတွေပေးခဲ့ကပေမယ့် မကြာသေးမီကမှ ချစ်သူဖြစ်သူကို ချပြခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ချစ်သူဖြစ်သူနဲ့အတူ လှိုင်ဂူကျွန်ဆိုတဲ့ ကျွန်းလေးကို အပန်းကျွန်းလေးဖြစ်အောင်သွားရောက်ပြင်ဆင်နေရင်း နေထိုင်နေတာဖြစ်ပြီး ယနေ့မနက်မှာတော့ နေထိုင်ရာကျွန်လေးမှာ မုန်တိုင်းရှိတဲ့အကြောင်းကို လေပြင်းတွေတိုက်နေတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။ ခင်လေးနွယ်ကို ချစ်တဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကတော့ နေထိုင်ရာကျွန်လေးမှာ မုန်တိုင်းရှိတာကြောင့် စိတ်ပူနေကြပြီး ခင်လေးနွယ်ကတော့ ကျွန်းလေးမှာ အဆင်ပြေနေကြောင်းကို “အားလုံးစိတ်ပူပြီးဂရုစိုက်တဲ့အတွက် ကျေးဇူးပါနော် အဆင်ပြေပါတယ်နော် စိတ်မပူကြပါနဲ့နော်” ဆိုပြီး ပြောထားပါတယ်။

ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ နေထိုင်ရာကျွန်လေးမှာ မုန်တိုင်းရှိပေမယ့်လည်း ချစ်တဲ့သူတွေရဲ့ စိတ်ပူပြီးဂရုစိုက်တဲ့အတွက် ကျေးဇူးပါတဲ့။သူကိုယ်တိုင်လည်း အဆင်ပြေနေတာကြောင့် စိတ်မပူကြပါနဲ့တဲ့နော်။

မုန်တိုင်းရှိတယ်🌊⛈

Posted by Khin Lay Nwe on Saturday, 1 August 2020

Source: Khin Lay Nwe