သူငယ်ချင်းဖြစ်သူရဲ့အိမ်တက်ဆွမ်းကျွေးသို့သွားရောက်ခဲ့ပြီး သံဃာတော်များကိုဝါဆိုသင်္ကန်းကပ်လှူပူဇော်ခွင့်ရလို့ပျော်နေတဲ့ချစ်သုဝေတို့ဇနီးမောင်နှံ

ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့လင်းလင်းနှင့်ချစ်သုဝေတို့ဇနီးမောင်နှံကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့အနုပညာလောကမှာအောင်မြင်နေတဲ့သူတွေဖြစ်သလို ပရဟိတအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်လေ့ရှိပါတယ်။ လက်ရှိမှာတော့ချစ်သုဝေတို့ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူရဲ့အိမ်တက်ဆွမ်းကျွေးသို့သွားရောက်ခဲ့ပြီး သံဃာတော်များကိုဝါဆိုသင်္ကန်းကပ်လှူပူဇော်ခွင့်ရလို့ပျော်နေကြောင်း လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။

“သူငယ်ချင်းအိမ်တက်မှာ ဖေဖေနဲ့ကိုလင်းတို့ကုသိုလ်ယူနိုင်ဖို့ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခွင့်ရခဲ့တယ်။ ဘုန်းဘုန်းဟောကြားတဲ့တရားထူးကိုလည်းနာကြားခွင့်ရခဲ့တယ်သပ္ပါယ်လှတဲ့ ဘုရားခန်းကလည်းကြည်ညိုဖွယ်၊ သူငယ်ချင်းမိသားစုရဲ့အလျံပ္ပါယ်ဆွမ်းကပ်လှူဒါန်းမှူကလည်း သဒ္ဒါတရားထက်သန်တာအတုယူဖွယ်”လို့ချစ်သုဝေက သူ့ရဲ့လူမှုကွန်ရက်မှာအလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ချစ်သုဝေကခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူအတွက်ခြံလေးမှာအိမ်ဆောက်ဖြစ်ရင်ဘုရားခန်းကို သပ္ပါယ်နေအောင်လုပ်ပေးချင်ကြောင်းလည်းပြောပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးအတွက်ချစ်သုဝေတို့ဇနီးမောင်နှံရဲ့အလှူပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Source:Chit Thu Wai