ဝေဖန်ပြောဆိုနေသူတွေကို အစပဲရှိပါသေးတာကြောင့် နောက်ပြောဖို့လည်း ချန်ထားပါဦးဆိုတဲ့ မြတ်သူသူ

ပရိသတ်အချစ်တော် မင်းသမီးချောလေး မြတ်သူသူကတော့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိခဲ့ပါတယ်။သူကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်နေပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာ ထုတ်လွင့်ပြသနေဆဲဖြစ်တဲ့ တို့မမနဲ့တို့ ရုပ်သံဇာတ်လမ်းတွဲထဲက သန်းသန်းဆွေကာရိုက်တာ နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေသူတွေကို မင်းသမီးချော မြတ်သူသူကတော့”ဖြည်းဖြည်းပြောကြပါ အစပဲရှိပါသေးတယ် နောက်ပြောဖို့လည်း ချန်ထားကြပါဦး ကိုယ်ကတော့ ကျေနပ်နေရော ကိုယ်တွေအကြောင်း ကိုယ်တွေပဲသိလို့လေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကမှာ ဖော်ပြထားပါတယ်။ မြတ်သူသူဟာ ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ သန်းသန်းဆွေ ဆိုတဲ့ အပျိုကြီးမမဇာတ်ကောင်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်မင်းသမီးချောလေး မြတ်သူသူကတော့ တို့မမနဲ့တို့ ရုပ်သံဇာတ်လမ်းတွဲထဲက သန်းသန်းဆွေကာရိုက်တာ နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေသူတွေကို အစပဲရှိပါသေးတာကြောင့် နောက်ပြောဖို့လည်း ချန်ထားပါဦးတဲ့။

Source: Myat Thu Thu