အိမ်မှာဘုန်းကြီး(၁၀)ပါးကိုပင့်ပြီး ဆွမ်းကပ်ချင်တာကြောင့်သူမရဲ့အသုံးစရိတ်ကိုလျော့သုံးကာလှူမည့်အကြောင်းပြောလာတဲ့ပိုပို

ပိုပိုကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကတော့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး မကြာသေးခင်ကလည်း”ဘုရားရှစ်ခိုးပါ”ဆိုတဲ့သီချင်းအပြင် တခြားသီချင်းအသစ်လေးတွေကိုလည်းထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်းနောက်ထပ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ “အရိပ်ကလေးလို”ဆိုတဲ့ Music Videoလေးကို မင်းသားချောလေးဖြစ်တဲ့ပိုင်တံခွန်နဲ့အတူ ဖန်တီးနေတာဖြစ်ပါတယ်။

ပိုပိုဟာစိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလိုလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ အပင်စိုက်ရတာကိုလည်းဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ခြံထွက်သီးနှံလေးတွေကိုကိုယ်တိုင်ချက်ပြုတ်ကာ သံဃာတော်များကိုလည်းအပတ်စဉ်ဆွမ်းလောင်အလှူလေးကိုပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာလည်းပိုပိုကအိမ်မှာဘုန်းကြီး(၁၀)ပါးကိုပင့်ပြီး ဆွမ်းကပ်ချင်တာကြောင့်သူမရဲ့အသုံးစရိတ်ကိုလျော့သုံးကာလှူမည့်အကြောင်းသူမရဲ့လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။

“အိမ်မှာဘုန်းကြီး(၁၀)ပါးပင့်ပြီးဆွမ်းကပ်ချင်တယ် ဒီလပိုက်ဆံလျော့သုံးပြီးလှူမယ်ဝိုင်းလုပ်ပေးတဲ့လူလဲရှိရင်ကောင်းမယ်ထောပတ်သီးစားချင်တယ် နားသီးမှာအပေါက်ဖောက်ချင်တယ်”လို့ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေပိုပိုရဲ့မွန်မြတ်လှတဲ့စိတ်ထားလေးကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

Source:ဝတ် ရည် မိုး