“ထာဝရမန္တလေး”ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးတုန်းက အမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်တဲ့ အောင်ရေချမ်း

အောင်ရေချမ်းကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပျားရည်အိုင်၊ရသမော်ကွန်းအလင်္ကာစတဲ့ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝါရင့်အနုပညာရှင်တွေနဲ့အတူပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ အောင်ရေချမ်းဟာထာဝရမန္တလေးရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။

အဆိုပါဇာတ်ကားလေးကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီးအောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။”ထာဝရမန္တလေး”ရုပ်သံဇာတ်လမ်းတွဲလေးကိုတော့ ပြန်လည်ကြည်ရှု့ချင်တဲ့ပရိသတ်တွေအတွက် 11.8.2020 ည(၈)နာရီ ၄၅မိနစ်အချိန် MRTV-4 တွင်ပြန်လည်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့မှာတော့အောင်ရေချမ်းက “ထာဝရမန္တလေး”ရုပ်သံဇာတ်လမ်းတွဲလေးရိုက်ကူးတုန်းကအမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

အဲဒီပုံရိပ်လေးတွေကိုတော့ “ထာဝရမန္တလေးဇာတ်လမ်းတွဲအမှတ်တရ 11.8.2020 ည၈နာရီ ၄၅မိနစ်အချိန် MRTV-4 တွင်ပြသပါမည်”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Aung Yay Chan