အဖေမရှိပေမယ့်မိခင်နဲ့အတူနေထိုင်ပြီး ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့လေးဘာသာဂုဏ်ထူးရှင်ညီမလေးမိုးမိုးအတွက် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ပိုပို

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့တေးစီးရီးအယ်ဘမ်ပေါင်းများစွာကိုထွက်ရှိအောင်မြင်ထားပြီး ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်ပါ။ ပိုပိုဟာယခုလိုအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်ဒူးကိုယ်ချွန်ဘဝနဲ့ကြိုးစားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ငယ်ငယ်ကတည်းကမိဘနဲ့အတူမနေထိုင်ခဲ့ရဘဲ အဖွားဖြစ်သူနဲ့သာကြီးပြင်းခဲ့ရသူတစ်ယောက်ပါ။ ပိုပိုကတော့စိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး လိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်လည်းထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလေ့ရှိပါတယ်။ လက်ရှိမှာလည်းအဖေမရှိပေမယ့်မိခင်နဲ့သာနေထိုင်ပြီး ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့လေးဘာသာဂုဏ်ထူးရှင်ညီမလေးမိုးမိုးအတွက် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့ “အဖေမရှိပေမယ့်မိခင်နဲ့အတူ ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့လေးဘာသာဂုဏ်ထူးရှင်ညီမလေးမိုးမိုးဖြစ်ချင်တဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ညီမလေးရဲ့စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေပိုပိုနဲ့ကိုဟိဏ်းသစ်စုပေါင်းပြီးတတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။အခုလိုညီမလေးမိုးမိုးကို စေတနာအပြည့်နဲ့ပညာသင်ကြားပေးခဲ့တဲ့ဆရာလိုမျိုးဆရာ၊ ဆရာမတွေလည်းအများကြီးပေါ်ထွက်လာပါစေ”ဆိုပြီး အလှူပုံရိပ်တွေနဲ့အတူရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ ပိုပိုရဲ့မွန်မြတ်လှတဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:ပိုပို