ရွာငံမြို့က တကိုယ်လုံးအမွှေးအမျှင်တွေနဲ့ ချစ်စရာကောင်းတဲ့တစ်နှစ်ရှစ်လအရွယ်ကလေးလေးဆီသို့အလည်သွားရောက်ခဲ့တဲ့ ဟန်သီ

ပရိသတ်အချစ်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ ဟန်သီကိုတော့ပရိသတ်ကြိးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့ပြီး ယခုနောက်ပိုင်းမှာတော့သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးဝန်းရံမှုကိုလက်ခံရရှိထားတာဖြစ်ပါတယ်။ အသံဝဲဝဲလေးနဲ့ချစ်စရာကောင်းတဲ့ဟန်သီကတော့

ပြီးခဲ့တဲ့သြဂုတ်လ(၉)ရက်နေ့ကတည်းက ကလောမြို့လေးကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ဟန်သီကကလောကနေပြင်ဦးလွင်ကိုအဆင်း လမ်းမှာရွာငံမြို့ကတကိုယ်လုံးအမွှေးအမျှင်တွေနဲ့ ချစ်စရာကောင်းတဲ့တနှစ်ရှစ်လအရွယ်မောင်ထင်ရှားအောင်လေးဆီသို့သွားလည်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်လမ်းပေါ်မှာမှိုတွဲတွေရောင်းနေတဲ့ အဖွားတွေကိုလည်းဝင်နုတ်ဆက်ပြီး မှိုတွဲလေးတွေကိုဝယ်ယူအားပေးခဲ့ပါသေးတယ်။

အဲဒီအကြောင်းကိုတော့”ကလောကနေပြင်ဦးလွင်ကိုအဆင်း လမ်းမှာရွာငံမြို့ကတကိုယ်လုံးအမွှေးအမျှင်တွေနဲ့ချစ်စရာကောင်းတဲ့ တနှစ်ရှစ်လအရွယ်မောင်ထင်ရှားအောင်လေးဆီသွားလည်ပြီး လမ်းပေါ်မှာမှိုတွဲတွေရောင်းနေတဲ့အဖွားတွေကိုဝင်နုတ်ဆက်”ဆိုတဲ့စာသားနဲ့အတူ ဟန်သီကပုံရိပ်လေးတွေကိုပါဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Han Thi