လသားအရွယ်သာရှိသူပေမယ့် ဖခင်ဖြစ်သူ အောင်လအန်ဆန်းနဲ့အတူ ငါလိုက်မျှားရတာပျှော်နေတဲ့ သမီးလေး ဆန့်ဆိုင်း

နိုင်ငံကျော်လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ကတော့ အောင်လအန်ဆန်းရဲ့ အချစ်ဆုံးသမီးလေးအဖြစ် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားပါတယ်။သမီးလေး ဆန့်ဆိုင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီး ကာလအတွင်းမှာကြီးပြင်းလာခဲ့ရပေမယ့် အမြဲပြုံးရွှင်နေတတ်ပြီးအခုထိလဲအပြုံးမပျက်ပါဘူးတဲ့။

ယနေ့မှာတော့ ပရိသတ်အချစ်တော် နိုင်ငံကျော်လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းကတော့ သူ့ရဲ့သည်းသည်းလှုပ်ချစ်ရတဲ့ သမီးချောလေး ဆန့်ဆိုင်း နဲ့အတူ ငါးမျှားထွက်နေကြောင်းကို “ချစ်သမီးလေးဆန့်ဆိုင်းက ငါးမျှားရတာကို နှစ်သက်မယ်လို့ကျွန်တော်ထင်ပါတယ်! လွန်ခဲ့တဲ့အပတ်နားရက်တုန်းက၊ဝယ်လင်တန်က တူးမြောင်းတွေမှာမိသားစုနဲ့အတူငါးသွားမျှားခဲ့ပါတယ်။ I think San Seng is going to like to fish! Hit some canals in Wellington last weekend with the family. ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းရဲ့ သမီးချောလေး ဆန့်ဆိုင်း ကတော့ လသားအရွယ်သာရှိသူပေမယ့် ဖခင်ဖြစ်သူ အောင်လအန်ဆန်းနဲ့အတူ ငါလိုက်မျှားရတာပျှော်နေတာနော်။

Source: Aung La Nsang(Burmese Python)