နာရေးကူညီမှုအသင်းနှင့်အတူ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ရှိရွှေဘိုကျေးရွာ ၊ပျဉ်တက်ကျေးရွာ၊ဖောင်ဆိပ်ကျေးရွာသို့သွားရောက်၍ လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ထွန်းကိုကို

မော်ဒယ်သရုပ်ဆောင်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ ထွန်းကိုကိုကိုတော့ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ဟာကွက်မရှိအောင်သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားသလို တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ယောကျ်ားပီသတဲ့ဘော်ဒီတို့ကြောင့်လည်း မိန်းကလေးပရိသတ်တော်တော်များများရဲ့အားပေးဝန်းရံမှုကိုလက်ခံရရှိထားသူတစ်ယောက်ပါ။

ယခုနောက်ပိုင်းမှာတော့ထွန်းကိုကိုက သူချစ်တဲ့အနုပညာအလုပ်တွေအပြင် ကျော်သူဦးဆောင်တဲ့နာရေးကူညီမှုအသင်းမှာပါ အချိန်ပေးပြီးပရဟိတအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်းနာရေးကူညီမှုအသင်းနှင့်အတူ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ရှိရွှေဘိုကျေးရွာ ၊ပျဉ်တက်ကျေးရွာ၊ဖောင်ဆိပ်ကျေးရွာသို့သွားရောက်၍ အိမ်ထောင်စု(၃၂၀)အတွက် ဆန်၊ဆီ၊ငါးသေတ္တာဘူး၊ရေသန့်ဘူးများကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့ထွန်းကိုကိုကအလှူပုံရိပ်လေးတွေနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေနာရေးကူညီမှုအသင်းနှင့်အတူ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ရှိရွှေဘိုကျေးရွာ ၊ပျဉ်တက်ကျေးရွာ၊ဖောင်ဆိပ်ကျေးရွာသို့သွားရောက်၍ လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ထွန်းကိုကိုရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Yanpaing Tunko