ဦးမန်းဝင်းကွယ်လွန်ခြင်း(၁)လပြည့်အတွက်ရည်စူးပြီး အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ကျန်ရစ်သူမိသားစု

ရုပ်ရှင်နှင့်ဗီဒီယိုဟာသသရုပ်ဆောင်ဂန္တဝင်လူရွှင်တော်ကြီး ဦးမန်းဝင်းဟာပြီးခဲ့တဲ့ဇူလိုင်လ(၁၃)ရက်နေ့နံနက်(၆)နာရီခွဲခန့်မှာပဲ ရန်ကုန်မြို့ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းဦးမန်းဝင်းရဲ့မိသားစုဝင်များနဲ့အတူ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

ဒီကနေ့သြဂုတ်လ(၁၃)ရက်နေ့မှာတော့ ဦးမန်းဝင်းကွယ်လွန်ခြင်း(၁) လပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုတွေကတော့ ဟာသသရုပ်ဆောင်ဦးမန်းဝင်းကွယ်လွန်ခြင်း(၁)လပြည့်အတွက်ရည်စူးပြီး ဆရာတော်၊သံဃာတော်များအားဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်ဘုရားမှာ ဘုရားဆင်းတုတော်နှင့်လူမှုစေတနာကူညီရေးအသင်းကိုအောက်ဆီဂျင်အိုးများလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်နှင့်ဗီဒီယိုဟာသသရုပ်ဆောင်ဂန္တဝင်လူရွှင်တော်ကြီး ဦးမန်းဝင်းတစ်ယောက်ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Hay Mar Mann Win