သမီးလေးတွေအိပ်တုန်းသစ်သားဗန်းပေါ်မှာ ပန်းချီပုံလေးတစ်ခုရေးဆွဲပြီးလက်စွမ်းပြခဲ့တဲ့ မေမေချစ်သုဝေ

သမီးအမွှာလေးနှစ်ယောက်ဖြစ်တဲ့ခေတ်နဲ့သစ်ကိုပိုင်ဆိုင်ထားပေမယ့် အပျိုရှုံးလောက်အောင်လှနေတဲ့မင်သမီးချောလေးချစ်သုဝေကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့သရုပ်ဆောင်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ချစ်သုဝေဟာအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေရပေမယ့်

မိသားစုအပေါ်မှာလည်းတာဝန်ကျေပွန်လှတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့ဆိုလည်းမှားမယ်မထင်ပါဘူးနော်.။ ချစ်သုဝေကလတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားတဲ့အချိန်မှာလည်း မိသားစုနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးလေ့ရှိပါတယ်။ အချိန်ရရင်ရသလိုလည်းအပင်လေးတွေကိုစိုက်ပျိုးပြီး ပန်းချီလေးတွေကိုလည်းရေးဆွဲလေ့ရှိပါတယ်။

သူမကတော့ဒီနေ့မှာလည်းသမီးလေးတွေအိပ်တုန်း သစ်သားဗန်းပေါ်မှာပန်းချီပုံလေးတစ်ခုကိုရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါပန်းချီပုံလေးကိုတော့ “ကလေးအမေဆိုတော့လည်းကလေးအိပ်တုန်းအမြန်လှုပ်ရှား သစ်သားဗန်းပေါ်ဆွဲပစ်လိုက်တယ်အေ”ဆိုတဲ့စာသားနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.။

Source:Chit Thu Wai