ပုဂံအနီးတဝိုက်မှာရှိတဲ့အခြေခံလုပ်သားပြည်သူများအတွက် နေ့လည်စာတွေဝေပေးလှူဒါန်းခဲ့တဲ့ စီနွန်

မြန်မာနိုင်ငံမှာနိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းတွေကိုမကြာခဏပြုလုပ်လေ့ရှိတဲ့စီနွန်ကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာအနုပညာအလုပ်တွေကိုလုပ်ကိုင်နေသလို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာလည်းမကြာခဏအလှူအတန်းတွေပြုလုပ်လေ့ရှိတယ်။

လက်ရှိမှာတော့စီနွန်ဟာ မြန်မာလူမျိုးတွေအတွက်တန်ဖိုးအထားရဆုံးနေရာတစ်ခုဖြစ်တဲ့ ပုဂံကိုရောက်ရှိနေတာဖြစ်ပါတယ်။ သူကတော့ပုဂံမှာရှိတဲ့တန်ခိုးကြီးဘုရားများစွာကိုသွားရောက်ဖူးမျှော်ခဲ့ပြီး ပုဂံမြို့ကြီးသာယာလှပဖို့အတွက်လည်းအမှိုက်များကိုကိုယ်တိုင်ကောက်ခဲ့ပါသေးတယ်။ ဒါ့အပြင်ပုဂံအနီးတဝိုက်မှာရှိတဲ့အခြေခံလုပ်သားပြည်သူများအတွက်လည်း နေ့လည်စာတွေကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့ “ပုဂံအနီးတဝိုက်မှာရှိတဲ့အခြေခံလုပ်သားပြည်သူများအတွက် နေ့လည်စာတွေဝေပေးဖို့ပြင်ဆင်‌နေပါတယ်ခင်ဗျာ ကြင်နာမှုကလူသားတိုင်းအတွက်အကောင်းဆုံးအာဟာရဘဲဖြစ်ပါတယ်”ဆိုပြီး စီနွန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေနိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းလုပ်တဲ့နေရာမှာသဒ္ဒါးထက်သန်လှတဲ့ စီနွန်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Sinon Loresca