ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ အကယ်ဒမီဒေါ်ခင်သန်းနုနှင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်တို့အား သွားရောက်ဂါဝရပြုခဲ့တဲ့မင်းသန့်မောင်မောင်

ဖခင်ဖြစ်သူဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ မိခင်ဖြစ်သူသရုပ်ဆောင်မေသန်းနုတို့ရဲ့အနုပညာသွေးအပြည့်ပါသူတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာမင်းသန့်မောင်မောင်ကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့ရုပ်ရှင်ဇာတ်ကားများစွာကို အကောင်းဆုံးပုံဖော်ရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်းလက်ခံရရှိထားတာဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ဟာမိဘအပေါ်သိတတ်လိမ္မာတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဝါရင့်အနုပညာရှင်တွေအပေါ်မှာလည်း ရိုသေလေးစားစွာဆက်ဆံတတ်သူတစ်ယောက်ပါ။ သူကတော့လတ်တလောမှာလည်း တစ်ခေတ်တစ်ခါကနာမည်ကြီးလူကြိုက်များခဲ့တဲ့ ဂန္ဓဝင်အနုပညာရှင်ကြီးတွေကိုအိမ်တိုင်ရာရောက်ရိုသေစွာဂါဝရပြုကန်တော့နေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်းမြန်မာ့ရုပ်ရှင်လောကမှာ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်သည့်အကယ်ဒမီဒေါ်ခင်သန်းနုနှင့် အကယ်ဒမီဒေါ်မြင့်မြင့်ခင်တို့အားသွားရောက်ဂါဝရပြုခဲ့တယ်လို့သိရပါတယ်။

အဲဒီအကြောင်းကိုတော့ “မြန်မာ့ရုပ်ရှင်ဝါရင့်သရုပ်ဆောင်ကြီးဖြစ်သည့်အကယ်ဒမီဒေါ်ခင်သန်းနုနှင့် အကယ်ဒမီဒေါ်မြင့်မြင့်ခင်တို့အားသွားရောက်ဂါဝရပြုခဲ့ပါသည်။သားမင်းသန့်မောင်မောင်”ဆိုပြီးပုံရိပ်လေးတွေနဲ့အတူ ဖခင်ဖြစ်သူဇင်ရော်မောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Zin Yaw Mg Mg