ပင်စင်ယူတဲ့အခါ သူမ နှစ်သက်တဲ့ ဘားအံမြို့လေးမှာပဲ ခင်ပွန်းနဲ့အတူနေတော့မယ်ဆိုတဲ့ နန္ဒာလှိုင်

ရန်ကုန်မြို့ကြီးဟာ စီးပွားရေးမြို့တော်လိုဖြစ်နေတော့ လူပေါင်းစုံလာရောက်ပြီး စီးပွားလုပ် ကြတဲ့ နေရာတစ်ခုဖြစ်နေ တာကြောင့် လတ်ဆတ်တဲ့လေတွေ လွတ်လပ်တဲ့ ခံစားမှုတွေ တော်တော်များများပျောက်ဆုံးနေတာတော့အမှန်ပါပဲ။ နယ်မြို့လေး တွေဟာ များသောအားဖြင့် အေးချမ်းတတ်ပြီး ရန်ကုန်လိုလည်းလူမရှုပ်တာကြောင့် စိတ်အေးအေးချမ်းချမ်းနေချင်သူတွေ အဖို့တော့ အတော်လေးကိုသင့်တော်ပါတယ်။

ရန်ကုန်မြို့ကြီးရဲ့မွန်းကျပ်မှုကို တစ်နေ့တခြားပိုဆိုးလာတာကြောင့် အသက်ကြီးတဲ့သူတွေအဖို့ နယ်မြို့လေး တွေကသာ စိတ်အေးချမ်းမှုကိုပေးစွမ်းနိုင်မှာပါ။ ဒီလိုခံစားချက်လေးကို နန္ဒာလှိုင်ကလည်း အားလုံးနဲ့ထပ်တူခံစားနေခဲ့ရပြီး အသက်တွေပြည့်လို့ ပင်စင်ယူတဲ့အခါ သူမ နှစ်သက်တဲ့ ဘားအံမြို့လေးမှာပဲ ဇနီးမောင်နှံနှစ်ယောက်အတူတူနေတော့မယ့် အကြောင်းကို လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။

အသက်ကြီးလေ အေးချမ်းမှုတွေပိုလိုလေပဲမို့ အေးချမ်းတဲ့နေရာဒေသလေးဟာ စိတ်ကိုရော လူကိုရောလန်းဆန်းစေပါတယ်။ အမြဲတစေမနေနိုင်သူတွေအဖို့တော့ အလုပ်တွေအားတဲ့ ရက်လေးတွေမှာ စိတ်အပန်းပြေအောင် အေးချမ်းတဲ့နေရာဒေသလေး တွေကိုခရီးထွက်ပြီး စိတ်ကိုအာရဟဖြည့်သင့်ပါတယ်။

credit-cele zone