လေဖြတ်နေတဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးတင်မြင့်ကို လှူဒါန်းသွားမယ်ဆိုတဲ့ မင်းသမီးချောလေးခင်သဇင်

အနုပညာလောကထဲက အမိုက်စားမော်ဒယ်လ်၊မင်းသမီးချောလေးခင်သဇင်ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားသူတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ မင်းသမီးချောလေးကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သလို စိတ်ထားကောင်းမွန်သူလေးတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရတာပါ။

ခင်သဇင်ကတော့လိုအပ်တဲ့နေရာတွေမှာလှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဆိုတာကို ပရိသတ်တွေသိကြမှာပါ။ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးတင်မြင့်ရဲ့ကျန်းမာရေးအခြေအနေကတော့ ကြားရသူတွေကို စိတ်မကောင်းဖြစ်စေတာပါ။ ခင်သဇင်ကတော့ ဦးတင်မြင့်ရဲ့အင်တာဗျူးကိုတွေ့တဲ့အချိန်မှာ လှူဒါန်းဖို့ကိုကြိုးစားနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုလူချောအဖွဲ့ဝင် သရုပ်ဆောင် ဦးတင်မြင့် အတွက် ပါဝင် လှူဒါန်းချင်သူများအောက်က comments မှာ ရေးသား ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…နောက်ရက်ကျရင် ဆေးဝါးနဲ့ ငွေသား သွားရောက်လှူဒါန်းပေးမှာ မို့လို့ပါ…ထာဝရ ဆေးဝါးအလှူရှင်လည်း စုံစမ်းရှာဖွေနေပါတယ်ရှင် ” ဆိုပြီးတော့ ရေးသားထားပါတယ်။

ခင်သဇင်ကတော့ သရုပ်ဆောင်ပိုင်နိုင်တယ်လို့ ပရိသတ်တွေအသိအမှတ်ပြုထားသလို ပရဟိတစိတ်ဓာတ်လေးကတော့ လေးစားစရာပါ။ လူလေးလည်းလှသလို စိတ်ထားလေးလည်းကောင်းမွန်တဲ့ခင်သဇင်တစ်ယောက်ကတော့ အခုဆိုရင် လူကြမ်းမင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးတင်မြင့်ကိုလှူဒါန်းဖို့အတွက်လည်း ကြိုးစားနေတာ လေးစားစရာပါပဲနော်…

credit-cele gabar