ကလေးဘဝထဲက အသက်ပါတဲ့အပြုံးလေးတွေရဲ့ပိုင်ရှင် ဖြူဖြူထွေး

အချိန်တိုအတွင်းမှာ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိပြီး အောင်မြင်လာသူကတော့ ဖြူဖြူထွေးပါ။ အညာသူလေးပေမယ့် နာမည်နဲ့လိုက်အောင်ဖြူဖွေးတဲ့အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ ရုပ်ရည်ကြောင့် မဟုတ်ဘဲ စိတ်ဓာတ်အရင်းခံလေးကြောင့် ပရိသတ်အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူလို့ ဆိုရမှာပါ။

ပကာသနမရှိ သွက်လက်ပြီး ရိုးသားပွင့်လင်းတဲ့စကားပြောဟန်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရသလို လူအများကို ကူညီလိုတဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်လည်း လုပ်သမျှအလုပ်တိုင်း အောင်မြင်လာသူလို့ ဆိုရမှာပါ။ အခုဆိုရင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်နေရသလို သူ့ရဲ့ကိုယ်ပိုင်ဇာတ်ညွှန်းနဲ့ ကြော်ငြာလေးတွေကိုလည်း အားပေးသူ သန်းချီရှိနေပြီဖြစ်ပါတယ်။

အခုလိုပရိသတ်အချစ်တော်ဖြစ်လာတဲ့ဖြူဖြူထွေးကတော့ ဒီနေ့မှာ သူ့ရဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတချို့ကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ….ငယ်စဉ်ထဲက အသက်ပါတဲ့အပြုံးလေးတွေရဲ့ပိုင်ရှင် ဖြူဖြူထွေးရဲ့ ကလေးဘဝကပုံရိပ်လေးတွေကို မြင်တွေ့ချင်နေတဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit-cele gabar