ကိုယ်တိုင်ဂစ်တာတီးပြီးသီချင်းတွေဆိုပြနေတဲ့ သမီးလေးနှစ်ယောက်ကိုကြည့်ကာအချစ်ပိုနေတဲ့ မေမေချစ်သုဝေ

င်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်စုံတွဲမိသားစုလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်နားလည်းမှုအပြည့်နဲ့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပြီး ပရဟိတအလုပ်တွေလုပ်တဲ့နေရာမှာလည်း တက်ညီလက်ညီနဲ့ရှေ့သွားနောက်လိုကညီတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။

မေမေချစ်သုဝေကတော့ သမီးလေးတွေဖြစ်တဲ့ခေတ်နဲ့သစ်နဲ့အတူ အနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်လျက်ရှိပြီး သူတို့လေးတွေကလည်းပရိသတ်တွေရဲ့အသည်းကျော်လေးတွေဆိုလည်းမှားမယ်မထင်ပါဘူး။ လတ်တလောမှာတော့ချစ်သုဝေတို့မိသားစုလေးဟာ ကိုဗစ်ကြောင့်အိမ်မှာပဲအနားယူနေထိုင်လျက်ရှိပြီး ပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးယူနေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ချစ်သုဝေကကိုယ်တိုင်ဂစ်တာတီးပြီး သီချင်းတွေဆိုပြနေတဲ့ သမီးလေးနှစ်ယောက်ကိုကြည့်ကာချစ်မဝဖြစ်နေရှာပါတယ်။ အဲဒီအကြောင်းကိုတော့”ကလေးတွေက guitar အရမ်းကို တီးတတ်နေပြီ..အားကျ သွားကြပါသလား??”ဆိုပြီးရေးသားကာ ဗီဒီယိုဖိုင်လေးတွေနဲ့အတူတင်ထားခဲ့တာဖြစ်ပါတယ်။ ခေတ်နဲ့သစ်တို့ရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြေးလိုက်ရပါတယ်။

Source:Chit Thu Wai