သာသနာ့ဘောင်ဝင်ခဲ့စဉ်က ကြည်နူးစရာကောင်းတဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့အနုပညာလောကမှာ တစ်ချိန်ကကြော်ငြာဘုရင်မတစ်ပါးအဖြစ်ကျော်ကြားအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့သူမတူအောင်သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ပန်းသခင်ရုပ်ရှင်ဇာတ်ကားနဲ့သမီးမိုက်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ထူးချွန်ဆုများကိုရရှိနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့သူမရဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ရပြီး လက်ရှိအချိန်မှာတော့အနုပညာလောကထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ထက်ထက်မိုးဦးက Live လွှင့်ပြီးစိန်ရွှေလက်ဝတ်ရတနာတွေကို ရောင်းချပေးနေခဲ့တာလည်း ပရိသတ်ကြီးသိလောက်မယ်ထင်ပါတယ်။ ကြော်ငြာတွေပြန်ရိုက်ပါလို့တောင်းဆိုနေကြတဲ့ ချစ်ရတဲ့ပရိသတ်တွေအတွက်လည်း ကြိုးစားပြီးကြော်ငြာတွေကိုလက်ခံရိုက်ကူးနေပြီလို့သိရပါတယ်။

ထက်ထက်မိုးဦးကတော့ သူမရဲ့အတိတ်ကအမှတ်တရလေးတွေကို မကြာခဏမျှဝေပေးနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာလည်းသူမကသာသနာဘောင်ဝင်ခဲ့စဉ်က ကြည်နူးစရာကောင်းတဲ့အမှတ်တရပုံရိပ်လေးတွေကိုပြန်လည်မျှဝေလာခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Htet Htet Moe Oo