လူ့လောကထဲကအစောကြီးထွက်ခွာသွားတဲ့ ကိုသားကြီးကိုသတိရနေကြောင်းအမှတ်တရပုံရိပ်လေးနဲ့အတူပြောပြလာတဲ့ ဦးလွင်မိုး

သရုပ်ဆောင်လွင်မိုးနဲ့ဒွေးတို့ကတော့ တစ်ချိန်ကအနုပညာလောကမှာအောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းမင်းသားချောတွေပဲဖြစ်ပါတယ်။ လွင်မိုးကတော့ ၁၉၈၉-၁၉၉၀ခုနှစ်တွင် ဒါရိုက်တာမောင်နီလွင်(သပြု)၏ကြွေနေပြီဗီဒီယိုဇာတ်ကားဖြင့် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒွေးကတော့ ၁၉၉၃ခုနှစ်တွင်ဒါရိုက်တာကျော်ဟိန်းရိုက်ကူးတဲ့ ဒုက္ခကိုအရောင်ဆိုးတယ် အမည်ရှိမူးယစ်ဆေးဝါးပညာပေးဗီဒီယိုကားနှင့် ဝေလည်းမွှေး၊ကြွေလည်းမွှေးရုပ်ရှင်ကားတွေနဲ့ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာအနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်ညီအကိုအရင်းတွေလိုလည်း ချစ်ခင်ခဲ့ကြပါတယ်။ ဒွေးကတော့၂၀၀၇ခု၊ ဇူလိုင်၁၁ရက်ကနှလုံးရောဂါနဲ့ရုတ်တရက်ကွယ်လွန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက်အနုပညာကြယ်တစ်ပွင့်ကိုဆုံးရှုံးလိုက်ရပါတယ်။ ဒီနေ့မှာတော့ဦးလင်မိုးက လူဘဝထဲကနေအစောကြီးလမ်းခွဲနုတ်ဆက်သွားခဲ့တဲ့ ကိုသားကြီးကိုသတိရနေကြောင်းအမှတ်တရပုံရိပ်လေးတွေနဲ့အတူယခုလိုပဲပြောပြလာခဲ့ပါတယ်။

“တချိန်တုံးကကျွန်တော်တို့အနုပညာညီအစ်ကိုမောင်နှမတွေ ဦးလှထွန်းရဲ့ကင်ဆာဖောင်ဒေးရှင်းကိုသွားကျတာပါ နေ့ရက်တွေတော့မမှတ်မိတော့ပါဘူးရုပ်ရှင်အစည်းအရုံးကစီစဉ်တာပါ ဥက္ကဌဦးစိန်တင်လက်ထက်ကပါမှတ်မိနေတာတခုက အားလုံးမြန်မာဆန်ဆန်ဝတ်စားလာရမယ်ဆိုလို့အားလုံးကပုံမှာမြင်ရတဲ့အတိုင်းညီညွတ်နေကျတာပါ..ကိုသားကြီးတယောက်ပဲအစောကြီးကျွန်တော်တို့နဲ့လမ်းခွဲနုတ်ဆက်သွားခဲ့တာပါ..ကျန်တဲ့သူတွေကတော့နည်းမျိုးစုံနဲ့ရှင်သန်နေကျရအုံးမှာပါ”ဆိုပြီးပြောပြထားခဲ့တာဖြစ်ပါတယ်။

Source:Lwin Moe